အဲကွန်းမဖွင့်သော YBS ကားများ ယာဉ်စီးခ ကောက်ခံသော စပါယ်ယာများ ထိရောက်စွာ အရေးယူမည်

0

Full article

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျှက်ရှိနေသော ခရီးသည်တင် YBS ကားများအနက် အဲယားကွန်းမဖွင့်ပဲ မောင်းသော ကားများနှင့် ယာဉ်စီးခငွေ ကောက်ခံသော စပါယ်ယာများအား ထိရောက်စွာ အရေးယူသွားမည်ဟု ယာဉ်လိုင်းအားလုံး သတိပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။ "အဲကွန်းတပ်ထားပြီး တစ်ကယ်တန်း အဲကွန်းမဖွင့်တဲ့ ကားတွေရယ် ယာဉ်တွေမှာ cash box စနစ်တပ်ဆင်ထားပြီး ယာဉ်စီးခကို စပါယ်တွေ က လိုက်ပြီး ကောက်နေတာတွေကို ထိထိရောက်ရောက် အရေးယူသွာူးမယ်။ ယာဉ်လိုင်းတွေကို သတိပေးထားပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ YBS ကားများဖြစ်သည့် မီးနီဘတ်စ်ကဲ့သို့ တံခါးတစ်ပေါက်ပါကားများတွင် ယာဉ်စီးခများကို ငွေပုံးတပ်ဆင် အသုံးပြုရန်နှင့် ခရီးသည်များကို ကူညီရန်အတွက်သာ စပါယ်ယာထားရှိသည်ဟု သိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းပေါ်င်း ၈၅ လိုင်း နှင့် လိုင်းခွဲအပါအဝင် ၁ဝ၉ လိုင်းရှိပြီး ကားအစီးရေ ၃ဝဝဝ ကျော်ဖြင့် ပြေးဆွဲနေလျှက်ရှိရာ မကြာခင် ၁၉၉၆ မိုဒယ်ကနေ ၁၉၉၈ မိုဒယ်အထိ အပ်နှံရမှာ ဖြစ်ကြောင်း သိရသည်။

L-01

Author