YBS ယာဉ်ရပ်နားဝင်းကို မြို့နယ် သုံးခုတွင် တည်ဆောက်သွားမည်

0

Full article

ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် ယာဉ်ရပ်နားရန် နေရာများအတွက် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် အရှေ့ဒဂုံစသည့် မြို့နယ်သုံးခုတွင် ယာဉ်ရပ်နားဝင်း တည်ဆောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကသိရသည်။

 " ယာဉ်လိုင်းကုမ္ပဏီတွေက အခက်အခဲဖြစ်နေလို့ မြို့ပြင်လို့နေရာ ၃ ခုမှာ ယာဉ်ရပ်နားကွင်းတည်ဆောက်နေတယ်။ လတ်တလောမှာတော့ ဒီမြို့နယ်သုံးခုမှာပဲ ဆောက်နေပါသေးတယ်။ နောက်မြို့နယ်တွေမှာလည်း ထပ်လုပ်ဖို့ အစီအစဉ်တွေ ရှိပါသေးတယ်။ မြို့ပြင်ဆိုတော့ ကားထားရတာလည်း အဆင်ပြေသွားပြီး ယာဉ်ကြောကြပ်တာလည်းနည်းသွားနိုင်တယ်။ " ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်လိုင်းကုမ္ပဏီများက ယာဉ်အစီးရေများပြားစွာရပ်နားနိုင်သော ယာဉ်ရပ်နားကွင်းများ တည်ဆောက်ပေးရန်လိုအပ်နေပြီး ကားများအတွက် ပြင်ဆင်မှုအပိုင်းများ လုပ်ဆောင်ရန် ယာဉ်ရပ်နားကွင်းများ အတည်တကျမရှိသေး၍ အခက်အခဲရှိဖြစ်ပေါ်လျက် ရှေိ ကြာင်းသိရသည်။

အဆိုပါ ယာဉ်ရပ်နားရန် နေရာများအတွက် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် အရှေ့ဒဂုံ စသည့် မြို့နယ်သုံးခုတွင်ယာဉ်ရပ်နားဝင်း သုံးခုတည်ဆောက် ပြီးစီးသွားပါက ယာဉ်လိုင်းကုမ္ပဏီများထံမှ သင့်တော်သည့် နှုန်းထားတစ်ခု သတ်မှတ်ပြီး ယာဉ်ရပ်နားခ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။

transportation infrastructure

Author