YBS ယာဉ်စီးခပေးကဒ်စနစ်ရမည့် ကုမ္ပဏီကို ဇန်နဝါရီ ၁ဝ ရက်နေ့တွင်အပြီး ရွေးချယ်မည်

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများတွင် ယာဉ်စီးခပေးချေသည့်  ကဒ်စနစ်လုပ်ခွင့်ရမည့် ကုမ္ပဏီကို ဇန်နဝါရီ ၁ဝ ရက်နေ့တွင် အပြီးရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရသည်။

Yangon Payment Services တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၁ ကို လူတွေ့မေးမြန်း စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး YPS တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က စကာတင် ကုမ္ပဏီ ၃ ခုဖြစ်သည့် Anypay payment services ကုမ္ပဏီ ၊ Asia starmar Transport Intelligent ကုမ္ပဏီ နှင့် Excel KC Myanmar ကုမ္ပဏီ တို့ကို ရွေးချယ်ထားရှိကြောင်းသိရသည်။

"ယာဉ်စီးခ ပေးတဲ့ကဒ်စနစ် လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီကို ဇန်နဝါရီ ၁ဝ ရက်မှာ အပြီးသတ်ရွေးချယ်သွားဖို့လုပ်ထားတယ်။ YBS ကားတွေမှာ ယာဉ်စီးခပေးတဲ့ ကဒ်စနစ်ကို အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်။"ဟု အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

YBS ယာဉ်များတွင် ယာဉ်စီးခပေးချေသည့် ကဒ်စနစ် အသုံးပြုတပ်ဆင်ရန် အတွက် (YPS) Yangon Payment Service တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့မှ ယခုရွေးချယ်ထားရှိသော ကုမ္ပဏီ ၃ ခုအား ဇန်နဝါရီ ၈ ရက်တွင် လူတွေ့စစ်ဆေးမေးမြန်းမှုများ လုပ်သွားမည်ဖြစ်ရာ ဇန်နဝါရီ ၁ဝ ရက်တွင် ယာဉ်စီးခပေးကဒ်စနစ် လုပ်ကိုင်ခွင့်ရသည့် တင်ဒါအောင်ကုမ္ပဏီကို ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

R-01

Author