၂ဝ၁၈ တွင် YBS ငွေပေးချေမှုစနစ်ကို ကဒ်စနစ်ပြောင်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆို

0

Full article

YBS ငွေပေးချေမှု စနစ်ကို ၂ဝ၁၈ ခုနှစ်တွင် ဘဏ်များဖြင့် ချိတ်ဆက်ထားသော ကဒ်စနစ်ဖြင့် ပေးချေဖို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက YBS တစ်နှစ်ပြည့် ပြုလုပ်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားခဲ့သည်။

ပြည်သူလူထုတစ်ရပ်လုံး ဘဏ်စနစ်နှင့် နီးစပ်ဖို့အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း သူကဆိုသည်။

အဆိုပါပြုလုပ်မည့်ကဒ်ကို ပြည်သူလူထုအနေနှင့် လွယ်လွယ်ကူကူ ဝယ်ယူနိုင်မှာဖြစ်ပြီး ဘတ်(စ်)ကား စီးနင်းမှု အပြင် အခြားအသုံးပြုစရာငွေပေးချေမှု လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်အောင်ဆောင် ရွက် သွားမည်ဟုသိရ သည်။

"ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပြည်သူလူထုဟာ ပိုက်ဆံကိုကိုင်သုံးတဲ့ဓလေ့သာရှိခဲ့တဲ့ အတွက် ပြည်သူ လူထု လက်လှမ်း မှီနိုင်တဲ့ ကဒ်စနစ်မျိူးဖြစ်အောင်ကြိူးစားသွားမှာဖြစ်တယ်လို" ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုလက်ရှိ YBS စနစ်ကိုကျင့်သုံးခဲ့သည့် တစ်နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်ပြီး တစ်နှစ်အတွင်းမှာ ယာဉ်အားလုံး၏ ၂ဝ ရာခိုင်နှုန်း ကို Brand New ကားသစ်တွေနှင့် အစားထိုးပြေးဆွဲခဲ့သည်။

YBS ကားများတွင် ယာဉ်းစီးခပေးဆောင်ရန် ကဒ်စနစ်အတွက် ဇန်နဝါရီ ၁ဝ တွင် တင်ဒါရွေးချယ်ခဲ့ရာ Excel KC Myanmar ကုမ္ပဏီ က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မတ်လတွင် စတင်တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

P-01

Author