YBS ယာဉ်စီးခပေးကဒ်စနစ် ၂ဝ၁၈ ဖေဖေါ်ဝါရီတွင် စတင် တပ်ဆင်အသုံးပြုသွားမည်

0

Full article

Carsdb

ခရီးသည်တင် YBS ယာဉ် စီးခပေးကဒ်စနစ်ကို တင်ဒါအောင်ကုမ္ပဏီက ၂ဝ၁၈ ဖေဖေါ်ဝါရီတွင် စတင်၍ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

ထို YBS ခရီးသည်တင်ယာဉ်များတွင် အသုံးပြုသွားမည့် Yangon payment service (YPS) တင်ဒါခေါ်ယူမှုကို နောက်ဆုံးအဆင့်ဖြင့် ရွေးချယ်သွားမည် ဖြစ်ပြီး တင်ဒါအောင်ကုမ္ပဏီက သတ်မှတ်ချက်များနှင့်အညီ ယာဉ်တွေကို ကဒ်စနစ်များတပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

"ဒီလထဲမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီ ကိုရွေးချယ်ဖို့လုပ်မှာ။ ကားတွေမှာ ကဒ်စနစ်ကို ဖေဖေါ်ဝါရီလလောက်မှာ စတပ်ဖို့ လုပ်ထားတယ်။ ကားစာရင်းတွေ ကောက်နေတယ်ဆိုတာလည်း ကဒ်စနစ်တပ်ဖို့ အရေအတွက်အတိအကျသိဖို့ ကောက်ထားတာ"လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Yangon Payment Service တင်ဒါစနစ်ကို A,B အုပ်စု နှစ်စုသတ်မှတ်ခွဲခြားထားပြီး YPS တင်ဒါခေါ်ယူခြင်း လုပ်ငန်းအဆင့်အား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိဘိနက်က အတည်ပြုရွေးချယ်သွားမည်ဖြစ်ရာ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Author