YBS ယာဉ်စီးခပေး ကဒ်စနစ် Excel KC Myanmar ကုမ္ပဏီကို တင်ဒါရွေးချယ်

0

Full article

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲသောခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေသည့် ကဒ်စနစ် တင်ဒါအောင်ကုမ္ပဏီ အဖြစ် Excel KC Myanmar ကုမ္ပဏီကို ဇန်နဝါရီ ၁ဝ ရက်တွင် အပြီးရွေးချယ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။

Yangon payment service YPS တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က စကာတင် ရွေးချယ်ထားခဲ့သော ကုမ္ပဏီ ၃ ခုဖြစ်သည့် Anypay payment services ကုမ္ပဏီ ၊ Asia starmar Transport Intelligent ကုမ္ပဏီ နှင့် Excel KC Myanmar ကုမ္ပဏီ တို့ကို ထပ်မံ၍ ရွေးချယ်ခဲ့ရာ ဇန်နဝါရီ ၁ဝ ရက်တွင် စကာတင် ကုမ္ပဏီ ၃ ခု အနက် RFP-013A Excel KC Myanmar ကုမ္ပဏီကို နည်းပညာဆိုင်ရာ အဆိုပြုလွှာနှင့် စီးပွားရေးဆိုင်ရာ အဆိုပြုလွှာများဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ (Instruction to Tenders )နှင့်အညီရွေးချယ်လိုက်ကြောင်း သိရ သည်။

"ယာဉ်စီးခကဒ်စနစ်ကို လုပ်ခွင့်ရတဲ တင်ဒါ ကုမ္ပဏီကို ရွေးပြီးရင် ဒီစနစ် မြန်မြန်အကောင်အထည်ဖော်ဖို့ စမှာပါ။ ဖေဖေါ်ဝါရီလောက်မှာ စတင်ပြီးအသုံး ပြုဖို့လျှာထားပါတယ်။"ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင် အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ YBS ကဒ်စနစ်ကို Yangon payment Services YPS တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က တင်ဒါတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၁ ခု ရှိခဲ့ရာ ထိုကုမ္ပဏီများက Excel KC Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

YBS ကဒ်စနစ် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှင့် စာချူပ်စာတမ်းညှိနှိုင်းမှုအတွင်း အကြောင်းတစ်စုံတရာကြောင့် အဆင်မပြေခြင်း၊ ပျက်ပျယ်ခြင်းရှိခဲ့လျှင် ကျန်ရှိသည့် စကာတင် ကုမ္ပဏီ နှစ်ခုအနက်မှ တစ်ခုကို ထပ်မံစိစစ်ရွေးချယ်၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Author