YBS ကဒ် စနစ် ပြောင်းလဲသွားသော်လည်း ယခင် ယာဉ်းစီးခနှူန်းထားအတိုင်းသာ ပေးဆောင်ရမည်

0

Full article

ခရီးသည်တင်ယာဉ်များတွင် YBS ကဒ် စနစ် ပြောင်းလဲသွားသော်လည်း ယခင် ယာဉ်းစီးခနှူန်းထားအတိုင်းသာ ပေးဆောင်ရမည်ဖြစ်တယ်လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့က သိရပါသည်။"ကဒ်စနစ် ပြောင်းသွားလည်း အရင်ကောက်ခံနေတဲ့ နှူန်းအတိုင်းပဲ ကောက်ခံသွားမှာဖြစ်ပါတယ်။ ပြည်သူက ပိုပြီးအဆင်ပြေလာမှာပါ။ ခရီးစဉ်အကွာအဝေးအလိုက် ယာဉ်စီးခကို ကဒ်ကပဲဖြတ်သွားမှာ"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ YBS ယာဉ်များမှာ အသုံးပြုရန် ကဒ်စနစ်သည် ဘဏ်နှင့်ချိတ်ဆက်ထားရှိမှာ ဖြစ်ရာ ဗဟိုဘဏ်နှင့် ချိတ်ဆက်ထားရှိမည်ဖြစ်သည်။ လာမယ့်နှစ်ကုန်တွင် ကဒ်စနစ် စမ်းသပ်အသုံးပြုမှာဖြစ်၍ ကဒ်အသုံးပြုဖို့ ငွေဖြည့်သွင်းရသည့် station များ ထားရှိပေးသွားမှာဖြစ်တယ်လို့ သိရပါသည်။ Yangon payment service တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီ ၅ ခုတင်ပြထားမှူရှိပြီး နည်းပညာဆိုင်ရာ အဆိုပြုလွှာနှင့် စီးပွားရေးဆိုင်ရာ အဆိုပြုလွှာများဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ(Instruction to Tenders )နှင့်အညီ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာ နောက်ဆုံးလက်ခံမည့်ရက်မှာ စက်တင်ဘာလ ၁၆ ရက် နောက်ဆုံးထားလက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။

ခေတ်သစ်

Author