YBS ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ် ကားများ အပ်ခွင့်ပေးရာတွင် ဒီဇယ်ကားများကိုပါ အပ်ခွင့်ပေးသွားမည်

0

Full article

.


Photo Credit to Myawaddy .unicode

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ၁၉၉၆၊ ၉၇ ၊ ၉၈ မိုဒယ်နိမ့်ကားများ အပ်ခွင့်ပေးရာတွင် ဒီဇယ်ကားများကိုလည်း ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပေးမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က သိရပါသည်။ကားဟောင်းများ အပ်နှံ၍ ကားအသစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရန် စီအမ်ဂျီကားများသာမက ဒီဇယ်ကားများကို လည်း ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်ခွင့်ပေးမှာ ဖြစ်သည်ဟု သိရသည်။

"အခုအပ်ခွင့်ပေးမှာက စီအမ်ဂျီ ကားတွေရော ဒီဇယ်ကားတွေပါ အပ်ခွင့်ပေးမယ်။ ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးပြေးဆွဲပေးမယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောကြသည်။
ခရီးသည်တင်ယာဉ်များဖြစ်သည့် ၁၉၉၆မိုဒယ်၊ ၉၇ မိုဒယ်နှင့် ၉၈ မိုဒယ်ကားများသည် ယာဉ်ကြံခိုင်မှုအားနည်းပြီး ယာဉ်အိုယာဉ်ဟောင်း အဖြစ်အပ်နှံ၍ အထူးစီမံချက်ဖြင့် လူစီးစလစ်ရရှိမည်ဖြစ်ပါသည်။
ထို YBS ကားများ အပ်နှံရန်အတွက် ကားအစီး ၄ဝဝ ကျော်ရှိရာ အောက်တိုဘာလအတွင်း ယာဉ်ဟောင်းအပ်နှံခွင့် ပြုပေးမှာ ဖြစ်ကြောင်းသိရသည်။

Author