ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် YBS အမှတ် ၈၃ ယာဉ်လိုင်းသစ်ကို ကားအစီး ၈ဝ ဖြင့် ဒဂုံဧရာအဝေးပြေးမှ ယာဉ်ကျေးမှုတက္ကသိုလ်အထိ ယနေ့စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ဒဂုံဧရာအဝေးပြေးကနေ လှိုင်သာယာမြို့နယ်ကို ဗဟိုပြု၍ ပြေးဆွဲပေးသော YBS ခရီးသည်တင် ယာဉ်လိုင်း အမှတ် ၈၃ ကို Foton Brand New ကားအမျိူးအစား အစီးရေ ၈ဝ ဖြင့် ပြေးဆွဲပေးခြင်းဖြစ်ရာ ခရီးစဉ်ဖြတ်သန်းလမ်းကြောင်းများမှာ ရန်ကုန်ပုသိမ်လမ်း အမှတ် ၅ လမ်းမကြီး၊ဘုရင့်နောင်တံတား ၊သမိုင်းဘူတာရုံလမ်း၊ ကျိူက်ဝိုင်းဘုရားလမ်း၊ ကမ္ဘာအေးဘုရားလမ်းမ၊ သစ္စာလမ်း၊ သံသုမာလမ်း၊ လေးထောင့်ကန်လမ်း၊ မောင်းမကန်လမ်း၊ လှော်ကားလမ်း နှင့် ပြည်ထောင်စုလမ်းမကြီးတို့ ဖြစ်ကြောင်း သိရသည်။
"YBS ယာဉ်လိုင်း အမှတ် ၈၃ ကို ဖေဖေါ်ဝါရီ ၈ ရက်မှ စပြီး ပြေးဆွဲပါမယ်။ နောက်ထပ်လည်း ယာဉ်လိုင်းတွေတိုးဖို့ရှိ တယ်။ အဲ့ဒီယာဉ်လိုင်းပြီးရင် airport shuttle ယာဉ်လိုင်းသစ်လည်း ပြေးဆွဲသွားမှာပါ။ အခုပြေးဆွဲတဲ့ ယာဉ်လိုင်း ၈၃ က Foton ကားအမျိူးစား အစီး ၈ဝ နဲ့ပြေးဆွဲမှာပါ။" ဟု Omini Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။
ဖေဖေါ်ဝါရီလအတွင်းတွင် ပထမဆုံးစတင်ပြေးဆွဲပေးမည့် အထူးယာဉ်လိုင်းဖြစ်သည့် airport shuttle bus ကို ရန်ကုန်အပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ဘူတာကြီးသို့ ကားအစီး ၅ဝ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
B-01