ကုမ္ပဏီဖွဲ့ရန် ကျန်ရှိနေသောတစ်ဦးချင်းပိုင် ယာဉ်လိုင်း ၁၅ လိုင်းကို ကုမ္ပဏီအသစ်ဖွဲ့ခွင့်ပေးမည်

0

Full article

Photo Credit

Zawgyi ကုမ္ပဏီဖွဲ့ရန် ကျန်ရှိနေသော တစ်ဦးချင်းပိုင် YBS ယာဉ်လိုင်း ၁၅ လိုင်းကို ပေါင်း၍ ကုမ္ပဏီအသစ်တစ်ခု ဖွဲ့ခွင့်ပေး၍ ပြေးဆွဲခွင့်ပေးသွားမှာ ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ထံကနေ သိရပါသည်။"တစ်ဦးချင်းပိုင် ယာဉ်လိုင်းတွေကို ကုမ္ပဏီတစ်ခု လုပ်ခွင့်ပေးသွားမယ်။ အများပိုင်စနစ် မဖြစ်မနေသွားမှာ ဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းတွေကို ကုမ္ပဏီ လုပ်ခွင့်ပေးတာပါ။"လို့ ရန်ကုန်တိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ဒီနှစ်ကုန်တွင် အများပိုင်စနစ် ပြောင်းလဲသွားမည်ဖြစ်ရာ YBS ယာဉ်လိုင်းများ အားလုံး မကြာခင် ကိုယ်ရကိုယ်ယူစနစ်များကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ YBS တစ်ဦးချင်းပိုင်ယာဉ်များမှာ ကားကြီးယာဉ်လိုင်း ၅ လိုင်းနှင့် မီနီဘတ်စ် ၁ဝ လိုင်းဖြစ်ကြောင်းသိရသည်။

Author