ယာဉ်ကြံ့ခိုင်မှုမရှိသော YBS ယာဉ်များကို ရန်ကုန်မြို့ အဓိကလမ်းမကြီးများပေါ်တွင် ပြေးဆွဲခွင့်ကန့်သတ်သွားမည်

0

Full article

Photo Credit

 

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ခရီးသည်တင် YBS မိုဒယ်နိမ့်ကားများနှင့် ယာဉ်ကြံ့ခိုင်မှုမရှိသော ကားများကို အဓိက လမ်းမကြီးများပေါ်တွင် ပြေးဆွဲခွင့်ကန့်သတ်သွားရန် လုပ်ဆောင်သွားမည်ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

"မိုဒယ်နိမ့်ကားတွေနဲ့ ဥပဓိရုပ်မကောင်းတဲ့ ကားတွေကို မိန်းလမ်းမကြီးတွေမှာ ပြေးဆွဲတာ ကန့်သတ်သွားဖို့ရှိတယ်။ သတ်မှတ်စံချိန်၊ စံညွန်းနဲ့မညီတဲ့ ကားတွေကိုလည်း တစ်ဖြည်းဖြည်း ဖယ်ထုတ်သွားမှာပါ။"လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောကြသည်။

မကြာခင် ယာဉ်အိုယာဉ်ဟောင်းအဖြစ် ကျန်ရှိနေသည့် မိုဒယ်နိမ့်ကားများနှင့် ယာဉ်၏ ဥပဓိရုပ် မကောင်းသော ကားများကို ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမများ အစရှိသည့် အဓိကလမ်းကြီးများတွင် ပြေးဆွဲခွင့်ကန့်သတ်၍ မြို့ပြင်ပနေရာများတွင် ပြေးဆွဲရန် သတ်မှတ်သွားမှာ ဖြစ်သည်ဟု သိရသည်။

၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်အထိ ကားများကို အပ်နှံခွင့်ပေးရန် စာရင်းများတောင်းခံနေရာ ကားအစီး ၂၅ဝ နီးပါးလာရောက်အပ်နှံရန်တင်ပြထားရှိပြီး ထိုကားများ အပ်နှံလျှင် လူစီးစလစ်ရရှိမှာ ဖြစ်သည်။

ခေတ်သစ်

Author