YBS ၈၃ ယာဉ်လိုင်းသစ် ယခုအပတ်အတွင်း ယာဉ်အစီးရေ ၈ဝ ဖြင့် ပြေးဆွဲမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်တင် YBS အမှတ် ၈၃ ယာဉ်လိုင်းသစ် ယခုအပတ်အတွင်း လှိုင်သာယာမြို့နယ် ဗဟိုပြု၍ ယာဉ်အစီးရေ ၈ဝ ဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရသည်။လှိူင်သာယာမြို့နယ်ကို ဗဟိုပြု၍ ပြေးဆွဲပေးသွားမည့် YBS ခရီးသည်တင် ယာဉ်လိုင်း အမှတ် ၈၃ မှာ Omini Focus ကုမ္ပဏီ မှ ပြေးဆွဲပေးမှ ဖြစ်ရာ ယာဉ်လိုင်းပြေးဆွဲခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို YBS အမှတ် ၈၃ ယာဉ်လိုင်းသစ် အနေဖြင့် ပြေးဆွဲပေးသွားမည့် လမ်းကြောင်းများမှာ ယာဉ်ကျေးမှုတက္ကသိုလ်ကနေ လှိုင်သာယာမြို့နယ်သို့ ၆ လမ်းသွားလမ်းအတိုင်း၊ ဒဂုံမြို့သစ်တောင်းပိုင်းမြို့နယ်ကို ဖြတ်သန်းပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

" YBSယာဉ်လိုင်း ၈၃ ပြေးဆွဲပေးဖို့ရှိတယ်။ နောက်ထပ်လည်း ယာဉ်လိုင်းတွေတိုးဖို့ရှိတယ်။ လူထုမိတ်ဆွေ ယာဉ်လိုင်းလည်း ဒီလကုန်လောက်ဖြစ်မယ်။ Foton ကားအမျိူးစား အစီး ၈ဝ ထည့်သွင်းပြေးဆွဲသွားမှာပါ။ "ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က သိရသည်။

ယခုလကုန်တွင် ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည့် ယာဉ်လိုင်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ဘူတာကြီးအထိ ပြေးဆွဲမည့် အထူးယာဉ်လိုင်း ကားအစီး ၅ဝ၊ Max Myanmar ကုမ္ပဏီက လူထုမိတ်ဆွေ ယာဉ်လိုင်းကားအစီး ၁ဝဝ နှင့် ယာဉ်လမ်းကြောင်းအသစ်များ ထပ်တိုးပြေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

M-01

Author