ခရီးသည် ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနေသောကြားကားများကို စီမံချက်ဖြင့် အရေးယူနိုင်ရန် လုပ်ဆောင်နေ

0

Full article

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနေသော ကြားကားများကို စီမံချက်ဖြင့် အရေးယူရန် ဆွေးနွေးဆောင်ရွက် နေလျက်ရှိကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရသည်။" ခရီးသည်တင်ယာဉ်လိုင်းမဟုတ်တဲ့ ကြားကားတွေက YBS ရဲ့ လက်အောက်မှာ မရှိတဲ့အတွက်ကြောင့် Operator တွေဘက်ကလည်း အခက်အခဲရှိတယ်။ ပြည်သူတွေအတွက်လည်း အကောင်းဆုံးလုပ်ပေးချင်တယ်။ နောက်ပိုင်းမှာ ကြားကားတွေကိုလည်း စီမံချက်နဲ့အရေးယူဖို့် လုပ်သွားဖို့ ဆွေးနွေးထားတယ်။ ယာဉ်ထိန်းရဲနဲ့က ကြားကားတွေ ဖမ်း ဆီးဖို့ အဓိက သက်ဆိုင်ပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ကြားကားအောက်ဆိုဒ်ကားများကို အရေးယူနိုင်ရန်အတွက်ကို နယ်မြေခံရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ယာဉ်လိုင်းဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းလုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။ခရီးသည်တင် YBS ယာဉ်လိုင်းများ ညအချိန်အထိ ပြေးဆွဲမှုမရှိသောကြောင့် မြို့တွင်းသို့ လာရောက်လုပ်ကိုင်သော အခြေခံလူတန်းစားများအတွက် သွားလာရေးအဆင်မပြေခြင်းကြောင့်သာ ကြားကားနှင့် အောက်ဆိုဒ်ကားများကို စီးနင်းနေရခြင်း ဖြစ်ကြောင်းသိရသည်။

Author