လုပ်ငန်းလိုင်စင် မရှိဘဲ YBS ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲနေပါက ထိရောက်စွာ အရေးယူမည်

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင်ယာဉ်များ လုပ်ငန်းလိုင်စင် မရှိဘဲ YBS ကုမ္ပဏီ ယာဉ်လိုင်း များတွင်ဝင်ရောက်ပြေးဆွဲနေပါက ထိရောက်စွာ အရေးယူသွားမှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံက သိရသည်။

YBS ခရီးသည်တင် ကားများတင်သွင်းဝယ်ယူပြီး ယာဉ်လိုင်းကုမ္ပဏီများတွင် ဝင်ရောက်ပြေးဆွဲမှုများ ရှိနေ၍ ခရီးသည်တင် (ခ)လုပ်ငန်းလိုင်စင်မရှိသော ယာဉ်လိုင်းများကို အရေးယူသွားမှာဖြစ်သည်ဟု သိရသည်။

"တစ်ချိူ့ ကားတွေက ယာဉ်လိုင်းကုမ္ပဏီတွေမှာ လုပ်ငန်းလိုင်စင် မလုပ်ဘဲ ဝင်ပြီးပြေးဆွဲနေတာတွေရှိတယ်။ကားတွေကို တင်သွင်းပြီး နီးစပ်ရာကုမ္ပဏီတွေထဲမှာ ဝင်ပြီးပြေးဆွဲနေကြတာ ရှိလို့ ထိရောက်စွာအရေးယူတာတွေ လုပ်သွားမှာပါ။"လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ခရီးသည်တင်YBS ယာဉ်များ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ပြေး ဆွဲသွားမည့် ယာဉ်လိုင်း နှင့် ပြေးဆွဲသွားမည့် လမ်းကြောင်းများကို အသေးစိတ်ပြုလုပ်၍ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)သို့တင်ပြရမှာဖြစ်ပြီး ထိုမှတဆင့် ရန်ကုန်တိုင်းဒေသကြီး ပို့/ဆက်မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့က ပြန်လည်ခွင့်ပြုပါပ တိုင်းဒေသကြီး ပို့/ဆက်တွင် လုပ်ငန်းလိုင်စင် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု သိရသည်။

Author