၁၉၉၉ မိုဒယ်မှ ၂ဝဝ၃ မိုဒယ်အထိ YBS ကားများအပ်ပြီး လူစီးစလစ် ထပ်မံထုတ်ပေးရန် လာရောက်တင်ပြခိုင်း

0

Full article

ရန်ကုန်မြို့တွင် မောင်းနှင်နေသော ခရီးသည်တင် YBS ကားများဖြစ်သည့် ၁၉၉၉ မိုဒယ်မှ ၂ဝဝ၃ မိုဒယ်အထိ YBS ကားများကို အပ်ပြီး လူစီးစလစ် ထပ်မံထုတ်ပေးရန် လာရောက်တင်ပြခိုင်းထားကြောင်းYBS ကုမ္ပဏီ ယာဉ်လိုင်းများက သိရသည်။

လက်ရှိတွင် ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်အထိ ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံခွင့်ပြုထားပြီး လူစီးစလစ် ထုတ်ပေးနေလျှက်ရှိရာ အစီး ၃ဝဝ ခန့်ရှိကြောင်းသိရသည်။

"စက်စွမ်းအားကျဆင်းပြီး ယာဉ်ကြံခိုင်မှုမရှိတဲ့ ၁၉၉၉ မိုဒယ်ကနေ ၂ဝဝ၃ မိုဒယ်အထိကားတွေကို အပ်နှံခွင့်ပေးဖို့ စာရင်းလာပြီး တင်ပြခိုင်းထားတယ်။ ဒီ ၂ဝဝ၃ မိုဒယ်အထိကားတွေမှာလည်း မီနီဘတ်စ် ကားတွေအများကြီးရှိနေတယ်။"ဟု ကုမ္ပဏီယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YBS ခရီးသည်တင် ဘတ်စ်ကားများ ၁၉၉၉ မိုဒယ်မှ ၂ဝဝ၃ မိုဒယ်အထိ ကားများအပ်နှံခွင့်ပေးမည်ဆိုပါက ကားဈေးကွက်တွင် လူစီးစလစ်အများအပြားထွက်ပေါ်လာမည်ဖြစ်ရာ ထိုအပ်နှံရမည့် ကားများနေရာတွင် အစိုးရချင်းချိတ်ဆက်မှုနှင့်ဝယ်ယူထားသော ပြေးဆွဲရန်ကျန်ရှိ်နေသည့် ၂ဝ၁၇ မိုဒယ် brand new ကားသစ်များဖြင့် အစားထိုးပြေးဆွဲသွားမှာ ဖြစ်ကြောင်းသိရသည်။

R-01

Author