YBS မီနီဘတ်စ် ကားအားလုံး စီးတီးဘတ်ယာဉ်ကြီးများဖြင့် အစားထိုး ပြေးဆွဲမည်

0

Full article

![](/redline/content/images/2017/06/ee-300x165.jpg)

Photo Credit

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသော မီနီဘတ်စ် ကားများကို လာမည့် ၂ နှစ်အတွင်း စီးတီးဘတ်ယာဉ်ကြီးများဖြင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အစည်းအဝေးတွင် ပြောကြားထားခဲ့သည်။လက်ရှိဆွဲနေတဲ့ မီနီဘတ်စ် ခရီးသည်တင်ကားတွေအားလုံးကို ၂ နှစ်အတွင်း စီးတီးဘတ်စ်ယဉ်ကြီးတွေနဲ့ အစားထိုးပြေးဆွဲသွားမယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေကို လမ်းပန်းဝန်ကြီးက အစည်းအဝေးမှာပြောသွားတယ်။ မီနီဘတ်စ်ကားတွေက ခရီးသည်တင်တင်ဆောင်တာ သိပ်မဆန့်လို့ ဖြစ်မယ်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များကို အသစ်ရောက်ရှိလာသည့် စီးတီးဘတ်စ်ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲလျှက်ရှိပြီး ညာမောင်း ခရီးသည်တင် ယာဉ်အမျိုးအစားများကိုလည်း အဓိက မိန်းလမ်းမကြီးများတွင် ပြေးဆွဲခွင့် ကန့်သတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

YBS ခရီးသည်တင်ယာဉ်များဖြစ်တဲ့ ၁၉၉၅ မိုဒယ်အောက်ကားများကိုလည်း ယခုလ ၂ဝ ရက်နောက်ဆုံးထား၍ အပ်နှံမှသာ လူစီးစလစ်ထုတ်ပေးမည်ဖြစ်ရာ လာရောက်မအပ်နှံပါက လူစီးစလစ်မထုတ်ပေးတော့ဘဲ ခရီးသည်တင်ယာဉ်လိုင်း ပြေးဆွဲခွင့် လုပ်ငန်းလိုင်စင် ပါ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ခေတ်သစ်

Author