ခရီးစဉ်အစအဆုံး ၃ဝဝ ကျပ်အထိ ကောက်ခံသော မီနီဘတ်စ်ကားများ တိုင်ကြားပေးရန် YRTA တိုက်တွန်း

0

Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲနေလျှက်ရှိသော ခရီးသည်တင် YBS မီနီဘတ်စ်ကားများ ခရီးစဉ်အစအဆုံးစီးနင်းပါက ၃ဝဝ ကျပ်အထိ ကောက်ခံမှုများရှိနေသောကြောင့် သတ်မှတ်ယာဉ်စီးခနှုန်းထက် ပိုမိုကောက်ခံနေသည့် ယာဉ်များကို YRTA Hot Line ဖုန်းနံပါတ်များသို့ တိုင်းကြားပေးကြရန် YRTA က တိုက်တွန်း တောင်းဆိုခဲ့ပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်မီနီဘတ်စ်ကားများမှာ ကုမ္ပဏီယာဉ်လိုင်းများမဟုတ်ဘဲ တစ်ဦးချင်းယာဉ်ပိုင်ရှင်များဖြင့် ပြေးဆွဲနေ လျှက်ရှိရာ ထိုမီနီဘတ်စ်ကားများကိုယာဉ်ကြီးများဖြင့် အစားထိုးလဲလည်သွားရန် မကြာခင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

" မီနီဘတ်စ် ကားတွေကို ယာဉ်စီးခပုံသေ ၂ဝဝ အထိပဲ ကောက်ဖို့သတ်မှတ်ထားတယ်။ ၃ဝဝ ကောက်လာရင် တိုင်ကြားပေးကြပါ။ ယာဉ်စီးခ ပိုတောင်းရင် ထိထိရောက်ရောက် အရေးယူသွားမယ်။ မီနီဘတ်စ်ကားတွေကို ယာဉ်ကြီးတွေနဲ့ မကြာခင်အစားထိုးပြေးဆွဲဖို့ လုပ်နေတယ်"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင် မီနီဘတ်စ် ကားအစီး ၇ဝဝ နီးပါးခန့်ရှိရာ မီနီဘတ်စ် ကားများကို ခရီးသည်များအား ကူညီပေးနိုင်ရန် ယာဉ်နောက်လိုက် ထားရှိအသုံး ပြုထားသော်လည်း ကိုယ်ရကိုယ်ယူစနစ်ဖြစ်နေပြီး ယာဉ်စီးခကို စပါယ်ယာမှ ကောက်ယူနေမှုများရှိနေကာ အပြိုင်အဆိုင်မောင်းနှင်နေမှုများလည်းရှိနေသေးကြောင်း သိရသည်။

Law Enforcement

Author