တံခါးတစ်ပေါက်ပါ စပါယ်ယာ ရှိနေသော မီနီဘတ်စ်ကားများ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲခွင့် ဖျက်သိမ်းသွားမည်

0

Full article

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲနေသော တံခါးတစ်ပေါက်ပါ စပါယ်ယာရှိနေသော မီနီဘတ်စ်ကားများကို ယာဉ်လိုင်းများတွင် ထည့်သွင်းပြေးဆွဲခွင့် မပြုတော့ဘဲ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရပါသည်။

တံခါးတစ်ပေါ်က်ပါ စပါယ်ယာ ရှိနေသော မီနီဘတ်စ်ကားများ ပပျောက်သည့်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၈ရက်တွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်ပြောဆိုထားခဲ့ပါသည်။

"ယာဉ်လိုင်းမှာ ပြေးဆွဲနေတဲ့ မီနီဘတ်စ် ကားတွေကိုလည်း မကြာခင်မှာ ပြေးဆွဲတာ ကန့်သတ်ဖို့ရှိပါတယ်။ အများပိုင်စနစ်ကို ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် စပါယ်ယာထားတဲ့ကားတွေ တစ်ဖြည်းဖြည်း ပျောက်အောင်လုပ်မှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများကို cash box စနစ် စတင်၍ တပ်ဆင်အသုံးပြုရန် သတ်မှတ်ခဲ့ပြီးနောက် မီနီဘတ်စ်ကားများတွင် ငွေပုံး စတင်တပ်ဆင်ထားခဲ့သည်။ သို့သော် ယာဉ်မောင်းသူမှ ယာဉ်စီးခ ထည့်သည်ကို မတွေ့ရှိရသောကြောင့် ခရီးသည်များအားကူညီပေးနိုင်မည့် ငွေမကိုင်ရသော ယာဉ်နောက်လိုက်ကို အသုံးပြုထားပြီး ယာဉ်စီးခကို စပါယ်ယာ မှ ကောက်ယူနေမှုများရှိနေသေးကြောင်း သိရပါသည်။

R-01

Author