ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ ဆောင်ရေး အာဏာပိုင်အဖွဲ့ မှ ၁၉၉၆ မို ဒယ်မှ ၁၉၉၈ မိုဒယ်အထိ ကားများကို အပ်နှံခွင့်ပေးမည်ဆိုလျှင် မိုဒယ်ကိုက်ညီမှုရှိပြီး ယာဉ်အိုယာဉ်ဟောင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော ကားများကို သာ အပ်နှံခွင့်ပြုသွားမှာ ဖြစ်ပါသည်။
ခရီးသည်တင်ကားတွေကို မိုဒယ်မှန်မမှန် အဓိကစစ်ဆေးသွားမယ်။ယာဉ်အိုယာဉ်ဟောင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ကားဟောင်းအပ်နှံတာကို ခွင့်ပြုပေးမှာပါ။" ဟု ရန်ကုန်တိုင်းကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့တွင် သွားလာမောင်းနေသောခရီးသည်တင် YBS ၁၉၉၆ မိုဒယ်မှ ၁၉၉၈ မိုဒယ်အထိ ကားအစီး ရေ ၄ဝဝ ကျော်ရှိပြီး အပ်နှံရန်အတွက် လာရောက်တင်ပြထားသည့် ကားအစီးရေ ၂ဝဝ အထိ ရှိသည်ဟု သိရသည်။
ခေတ်သစ်