သြဂုတ်လ ၁ ရက်မှစ၍ YBS ယာဉ်များအားလုံး အလုံးစုံအာမခံ လုပ်ဆောင်ထားရမည်

0

Full article

![](/redline/content/images/2017/07/bbb-2-300x170.jpg)

Photo Credit

သြဂုတ်လ ၁ ရက်မှစ၍ YBS ယာဉ်များအားလုံး အလုံးစုံအာမခံ မဖြစ်မနေပြုလုပ်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့မှ သိရသည်။ သြဂုတ်လ ၁ ရက်ကစပြီး ခရီးသည်တင် ယာဉ်တွေအားလုံး အလုံးစုံအာမခကို မဖြစ်မနေ လုပ်ထားရမှာ ဖြစ်ပါတယ်။ အလုံးစုံအာမခံ မလုပ်ထားတဲ့ ကားတွေကို လုပ်ငန်းလိုင်စင် လာလျှောက်ရင် ခွင့်မပြုတော့ပါဘူး။ ဒီလကုန် နောက်ဆုံးထားပြီး လုပ်ရမယ်လို့ အသိပေးထားပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောထားပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများ အလုံးစုံအာမခံ လုပ်ဆောင်ထားမှူ မရှိပါက ပြေးဆွဲခွင့် ပြုသည့် လုပ်ငန်လိုင်စင်လျှောက်ထားရာတွင် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကစစ်ဆေးသွားမည်ဖြစ်ရာ အလုံးစုံအာမခံ လုပ်ဆောင်ထားခြင်းမရှိသည့် ယာဉ်ကို ခရီးသည်တင်ယာဉ်အဖြစ်ပြေးဆွဲခွင့် ပေးမည်မဟုတ်ကြောင်း သိရပါသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များသည် အလုံးစုံအာမခံ ပြုလုပ်ရာတွင် ကြိုက်နှစ်သက်ရာ မည်သည့် အာမခံကုမ္ပဏီ အမျိူးအစားကိုမဆို သွားရောက်ပြုလုပ်၍ ရနိုင်ပြီး သြဂုတ်လ ၁ ရက်တွင် အပြီး လုပ်ဆောင်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

Author