ခရီးသည်တင်ယာဉ်များတွင် စပယ်ယာများ ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် စပယ်ယာ ၁၅ဝ ခန့် ဆန္ဒပြ

0

Full article


ယနေ့ ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင် နေရာတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များတွင် စပယ်ယာများ ဆက်လက်လုပ်ကိုင်ခွင့်ပေးရန် စပယ်ယာ ၁၅ဝ ခန့် ဆန္ဒပြခဲ့ ကြတယ်လို့ သိရပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ဇူလိုင် ၂ဝ ရက် ယနေ့ကစပြီး ခရီးသည်တင်ယာဉ်များအားလုံး စပယ်ယာ မထားတော့ဘဲ ယာဉ်စီးခကို Cash box စနစ်နဲ့ လုပ်ဆောင်သွားရမည်ဟု သတ်မှတ်ထားပါတယ်။



ထိုသို့ သတ်မှတ်ထားတဲ့အတွက် ယာဉ်နောက်လိုက်များ အလုပ်အကိုင်ရရှိရေး ဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြ အဖွဲ့တွင် ပါဝင်သူတစ်ဦးကပြောပါတယ်။

ကြွေးကြော်စာသားများမှာ ယာဉ်လုပ်သားများ အလုပ်အကိုင် ပြန်လည်ရရှိရေး၊ ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်ပေးရေး၊ အာဏာရှင်ဆန်သော လုပ်ဆောင်မှု ပပျောက်ရေး၊ YBS ယာဉ်နောက်လိုက်များ၏ အလုပ်အကိုင် ဆက်လက်တည်မြဲရေး ရရှိရန် ဆန္ဒပြ ကြွေးကြော် ခဲ့ကြတယ်လို့ သိရသည်။

Author