YBS ကားများ အရည်ကြို အပ်မည်ဆိုပါက GPS များအပ်နှံမှုမရှိလျှင် ဒဏ်ကြေး ၂သိန်း ခွဲပေးရမည်

0

Full article

Zawgyi

ရန်ကုန်မြို့တွင်ပြေးဆွဲနေသည် ခရီးသည်တင် ၁၉၉၆ မိုဒယ်ကနေ ၁၉၉၈ အထိ YBS ကားများ ယာဉ်အိုယာဉ်ဟောင်း လာရောက်အပ်နှံလျှင် ကားများတွင် တပ်ဆင်ထားသော GPS များကို တစ်ပါးတည်းအပ်နှံရမှာ ဖြစ်ပြီး မအပ်နှံပါက GPS ပျက်စီးဆုံးရှုံးမှု ဒဏ်ကြေး ၂သိန်းခွဲ ပေးဆောင်ရမှာ ဖြစ်သည်ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

YBS ၁၉၉၆ ၊၁၉၉၇ နှင့် ၁၉၉၈ မိုဒယ်ကားများ ယာဉ်အိုယာဉ်ဟောင်းများအဖြစ် အပ်နှံခွင့်ကို နိုဝင်ဘာလတွင် စတင်ပြုလုပ်ရမည်ဖြစ်ကာ လူစီးစလစ်ပေးမှာဖြစ်ပြီး လာရောက်အပ်နှံမည့်ကားများတွင် တပ်ဆင်ထားသည့် GPS များကို ကြိုတင် လာရောက်ပေးအပ်ရမည်ဖြစ်ကြောင်းသိရသည်။

"ကားတွေမှာတပ်တဲ့ GPS ကို လာအပ်ရမှာဖြစ်တယ်။ တစ်ချို့က ကားအပ်ဖို့ပဲ လုပ်နေကြပြီး ကားမှာပါတဲ့ GPS တွေ မအပ်ကြဘူး။ ဒါကြောင့် GPS မအပ်ရင် ဒဏ်ကြေး ၂သိန်း ခွဲပေးရမှာ ဖြစ်ပါတယ်။ "လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှူအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်တင်YBS ကားများအားလုံးတွင် GPS စနစ်တပ်ဆင်ထားရာ ယာဉ်သွားလာသည့် လမ်းကြောင်းများကို နေ့စဉ်ကြည့်ရှူစစ်ဆေးနေသည်ဟု သိရသည်။

ယခင်က ၁၉၉၅ မိုဒယ်အောက် YBS ကားများကို သံရည်ကြိုရန် အပ်နှံသည့်အခါ GPS များကို အပ်နှံခြင်းမရှိကြသည့်အတွက် GPS တန်ဖိုးပေးလျှော်မှုများ ရှိခဲ့ကြောင်းသိရသည်။

Author