ခရီးသည်တင် YBS ယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အစီး ၂၉ဝ ကျော်အပ်နှံခွင့်ပေးလိုက်ရာ အဆိုပါကားများတွင် တပ်ဆင်အသုံးပြုထားသည့် GPS များ တစ်ပါးတည်း အပ်နှံရမည်ဖြစ်ပြီး လာရောက်မအပ်နှံပါက ဒဏ်ကြေး ၂သိန်းခွဲပေးဆောင်ရမည် ဖြစ်ကြောင်းအများပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ထံကနေ သိရသည်။
ခရီးသည်တင်အဖြစ် ပြေးဆွဲနေသည့် YBS ကား ၁၉၉၆ မိုဒယ် ၊၁၉၉၇ မိုဒယ် နှင့် ၁၉၉၈ မိုဒယ်ကားအစီးရေ ၂၉၆ စီးကို ပြီးခဲ့သည့်အပတ်မှ စတင်အပ်နှံခွင့်ပေးနေကြောင်း သိရသည်။
"YBS ကားတွေ အပ်မယ်ဆိုရင် အဲ့ဒီကားတွေမှာ တပ်ဆင်ထားတဲ့ GPS ကို လာအပ်ရမှာဖြစ်တယ်။ ကားအပ်ဖို့ပဲ လုပ်နေကြပြီး ကားမှာပါတဲ့ GPS တွေ မအပ်ကြဘူး။ မအပ်ဘူးဆိုရင် ဒဏ်ကြေး ၂သိန်း ခွဲပေးရမှာ ဖြစ်ပါတယ်။ "လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရန် လုပ်ဆောင်နေသော်လည်း ကားများတွင် တပ်ဆင်ထားရှိသော GPS များ အပ်နှံရန် မေ့လျှော့နေခြင်းများရှိပြီး ၁၉၉၅ မိုဒယ်အောက် YBS ကားများ သံရည်ကြိုသို့ အပ်နှံစဉ်ကလည်ညး GPS များကို အပ်နှံခြင်းမရှိကြသည့်အတွက် GPS တန်ဖိုးပေးလျှော်ခဲ့ရကြောင်း သိရသည်