ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YUPT ကုမ္ပဏီ မှ YBS ခရီးသည်တင်ကားများကို Wifi စနစ်တပ်ဆင်အသုံး ပြုမည်ဖြစ်ကြောင်း YUPT ယာဉ်လိုင်းမှ သိရသည်။ ခရီးသွားပြည်သူများ အင်တာနက် အသုံးပြုရအဆင်ပြေစေရန် Wifi စနစ်ကို ကားပေါ်တွင် password မခံထားရှိဘဲ ကားစီးနင်းသူမည်သူမဆိုသုံးနိုင်ရန် စီစဉ်ပေးထားမယ်လို့ သိရပါသည်။ "ခရီးသွားပြည်သူတွေ ကားစီးမယ်ဆိုရင် အင်တာနက် အသုံးပြုလို့ရအောင် Wifi စနစ်ထားရှိပေးသွားမှာပါ။ Password မခံထားဘဲ ကားပေါ်တက်တာနဲ့ open ဖွင်ထားပေးမှာပါ။"ဟု YUPT ကုမ္ပဏီ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ခရီးသည်တင် YBS စနစ်လုပ်ဆောင်ရာတွင် ကုမ္ပဏီ များကို အများပိုင်စနစ်ပြောင်းလဲရန် လုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီ များက ခရီးသည် များအား ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ဆွဲဆောင်လာကြပြီး ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကလည်း ဝန်ဆောင်မှူပေးနိုင်တဲ့ ကုမ္ပဏီ ကို လေ့လာနေလျှက်ရှိတယ်လို့သိရပါတယ်။ ယခု တပ်ဆင်မည့် Wifi စနစ်သည် ခရီးသည်များအား အသုံးပြုခွင့်ပေးရာတွင် လိုအပ်သလောက်သာ အသုံးပြုခွင့်ကန့်သတ်မည် ဟု လည်း သတင်းတွေ ထွက်ရှိနေသလို အာဏာပိုင်အဖွဲ့အနေနဲ့ wifi ကို လုပ်ဆောင်ရန် တွန်းအားပေးထားခြင်းမရှိသေးဘူးလို့လည်း အခြား ယာဉ်လိုင်းကုမ္ပဏီများက သိရပါသည်။
ခေတ်သစ်