ပြည်သူစိတ်ပျက် YBS စကားသည် လက်မခံနိုင်ကြောင်း လမ်းပန်းဝန်ကြီးဆို YBS ကိစ္စ လွှတ်တော်တွင် ယနေ့ အတည်ပြုခဲ့

0

Full article

![width=300](/redline/content/images/2017/04/erg-300x169.jpg)

ဧပြီလ ၂၄ ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ယနေ့ အတည်ပြုလိုက်ပါတယ်။ ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဇေယျ ၏ ဧပြီလ ၂၄ ရက်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြည်သူစိတ်ပျက် ဝိုင်ဘီအက်စ် ဟုပြောဆိုမူကို ထိုစကားလုံး၏ ရည်ရွယ်ချက်သည် ဆန့်ကျင်ဘက်သို့ ရောက်ရှိနေပါသောကြောင့် လက်မခံ နိုင်ကြောင်း လျှပ်စစ် /စက်မူလက်မူ နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်အတွင်းပြောဆိုခဲ့ပါတယ်။ ဦးကျော်ဇေယျရဲ့ ပြည်သူစိတ်ပျက် ဝို်င်ဘီအက်စ် ဆိုတဲ့ နမိတ်ပြစကားလုံး ဒီလိုမျိုး ရည်ရွယ်ချက်က ဆန့်ကျင်ဘက်ရောက်သွားတဲ့အတွက် စကားလုံးမျိုးကို ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ဒါတွေကို အချိန်တန်ရင် ပြည်သူက ဆုံးဖြတ်ပါလိပ်မယ်။ ပြည်သူကပဲ ဆုံးဖြက်သွားမှာဖြစ်ပါတယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောခဲ့ပါတယ်။ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေရှင်းပြီးနောက် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့တာပါ။ ဒီအဆိုကိုတင်သွင်းခဲ့တဲ့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အစိုးရအဖွဲ့ရဲ့ ပြန်လည်ဖြေရှင်းချက်ကို ၇ဝရာခိုင်နှုန်းသာ ကျေနပ်တယ်လို့ ဆိုပါတယ်။

ခေတ်သစ်

Author