YBS ယာဉ်လိုင်းများအရေးယူရန် ပြစ်ဒဏ်များတိုးမြင့်မည်

0

Full article

စည်းကမ်းဖောက်သော YBS ခရီးသည်တင် အရေးယူဆောင်ရွက်နေသော်လည်း အရေးယူနေသည့် ကြားထဲက ထပ်မံပြီးကျူးလွန်မူများ ရှိနေသည့်အတွက် ပြစ်ဒဏ်များကို တိုးမြင့်ရန်နှင့် အရေးယူများကို လည်းတိုးမြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ် နှင့်လမ်းပန်း ဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်က နိုဝင်ဘာ ၃ဝ ရက်က ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

"YBS စနစ်ဖြင့် စတင်ပြေးဆွဲစဉ်ကပင် ခရီးသည်ယာဉ်များ၏ စည်းကမ်းလိုက်နာမူအတွက် ပြည်သူလူထု နှင့်က ပူးပေါင်းပြီးဆောင်ရွက်နိုင်ရန် တိုင်ကြားရေဌာနမှာ ပြည်သူများရဲ့တိုင်ကြားမူများလက်ခံခြင်း အရေးယူမူများလက်ခံ ဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၁၇ သြဂုတ်လအထိ မှတ်တိုင်မှာ စနစ်တကျမရပ်မူ ၄၆၆ မူ ၊ သက်မှတ်ယာဉ်မရပ်မူ ၆၇၃ မူစစ်ဆေးတွေ့ရရှိသဖြင့် ချလန်ပြအရေးယြူပီး သက်ဆိုင်ရာယာဉ်လိုင်း ကုမ္မဏီများကိုလည်း အရေးယူ ဆောင်ရွက်ခဲ့ပါတယ် " ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြန်လည်ဖြေဆိုခဲ့သည်။

စည်းကမ်းထိန်းသိမ်းမူပိုမိုတိုးမြင့်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်အာတီအေမှ ထပ်မှန်ပြီးစစ်ဆေး ၁၃ ဖွဲ့ကို ၂ဝ၁၇ ဇူလိုင်လတွင် မော်တော်ယာဉ် ၃စီးဖြင့် လမ်းကြောင်း လှည့်လည်ခဲ့ပြီး ခရီးသည်တင်ယာဉ်များ စနစ်တကျ ရှိ်ရေး အတွက် အလှည့်ကလှည့်လည်စစ်ဆေးခြင်း၊ လမ်းကြောင်းများစနစ်တကျပြေးဆွဲရေးအတွက် တိုင်ကြားရေးဌာနက ကားတွေကို် GPS စနစ်တပ်ဆင်ထားပြီး control ဖြင့် စစ်ဆေးကြပ်မှတ်လျက်ရှိသည်ဟု ဝန်ကြီးက ပြောဆိုသည်။

"YBS ကားတွေကို ပြစ်မူကျူးလွန်ကားများဆိုရင် ကုမ္မဏီကားများဆိုရင် ကုမ္မဏီများကို အရေးယူပြီးတော့ ကုမ္မဏီ တွေရဲ့ဒဏ်ကြေးတိုးမြင့်ပြီးတော့ တစ်ဦးခြင်းပိုင်ကားတွေကနေပြီးတော့ ပြစ်ဒဏ်ကျူး လွန်လို့ချင်ရင် လိုင်းပြေး ဆွဲခြင်းမှ ပိတ်သိမ်းသွားဖို့တွေကို်ဆောင်ရွက်လျင်ရှိပါတယ် ။ အဲ့ကိစ္စတော့စမ်းစစ်မူများပြုနေပါတယ်"ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။

Unicode Version





Author