YBS ယာဉ်စီးခနှုန်းထား တိုးမြင့်ရန် အစီအစဉ်မရှိဘဲ လက်ရှိနှုန်းထားအတိုင်း ကောက်ခံမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ယာဉ်စီးခနှုန်းထားများကို တိုးမြင့်ကောက်ခံရန်အစီအစဉ်မရှိဘဲ လက်ရှိ နှုန်းထားအတိုင်းဘဲ ကောက်ခံသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

ခရီးသည်တင် YBS ယာဉ်လိုင်းကုမ္ပဏီများ အရှုံးပေါ်နေ၍ ယာဉ်စီးခ နှုန်းထားကို ၅ဝဝ အထိ တိုးမြင့်ကောက်ခံမည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ခရီးသွားပြည်သူများကလည်း ဝေဖန်မှုများပြားနေကြောင်း သိရသည်။

" YBS ခရီးသည်တင် ကားတွေယာဉ်စီးခနှုန်းထား တိုးကောက်ဖို့ အစီအစဉ် မရှိပါဘူး။ ဘယ်ကနေ ကောလာဟလ တွေ ဖြန့်နေလဲတော့မသိဘူး။ ယာဉ်စီးခ တိုးဖို့အတွက်လည်း ဆွေးနွေးထားတာလုံးဝမရှိဘူး။ လက်ရှိ ကားခအတိုင်းပဲ ကောက်ရမှာပါ"လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောကြားသည်။

ယခုအခါတွင် YBS ခရီးသည်ယာဉ်လိုင်းများ ယာဉ်စီးခကောက်ခံမှုကို ခရီးစဉ်အကွာအဝေးအလိုက် ခရီးစဉ်အစအဆုံးကို ယာဉ်စီးခ ၂ဝဝ ကျပ် ၊ ၃ဝဝ ကျပ် ကောက်ခံရန် သတ်မှတ်ထားရှိရာ မြို့တွင်းပတ်ပြေးဆွဲနေသော ခရီးသည်တင်ကားများကိုမူ ၁ဝဝ ကျပ်နှုန်းသာ ကောက်ခံရန်သတ်မှတ်ထားသည်။

Policy

Author