ရိုင်းစိုင်းစွာဆဲဆိုသော ယာဉ်အကူ အမျိုးသမီးကို YBS ယာဉ်လိုင်းမှ ရာသက်ပန်ထုတ်ပယ်မည်

0

Full article

ရန်ကုန်မြို့ ချော်တွင်းကုန်းမီးပွိုင်မိနေချိန်တွင် YBS 6 ကားပေါ်မှ အမျိုးသမီးတစ်ဦးက ကားလမ်းတောင်းရာတွင် ရိုင်းစိုင်းစွာအော်ဟစ်ဆဲဆိုခြင်း ၊ ထမီလှန်ပြန်ခြင်းတို့ကြောင့် ထို ယာဉ်အကူ အမျိူးသမီးကို YBS ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ကသိရပါတယ်။ ယာဉ်အမှတ် YBS(6) 4H/1568 သည် အေရွန်စတားကုမ္ပဏီလက်အောက်မှဖြစ်ပြီး ရိုင်းစိုင်းစွာဆဲဆိုသော ဗွီဒီယိုဖိုင်နှင့် ဓာတ်ပုံများ လူမှု့ကွန်ယက်စာမျက်နှာများတွင် ပျန့်နှံခဲ့သဖြင့် ယာဉ်လိုင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရသည်။ " ယာဉ်တွေပေါ်မှာ စပယ်ယာ ထားလို့ ဒီပြသာနာတွေ ဖြစ်နေတာ။ ရိုင်းစိုင်းတဲ့အပြုအမှူကို လက်မခံပါဘူး။ ယာဉ်းလိုင်းကထုတ်ပယ်တဲ့အထိအရေးယူမှာပါ " အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်ကပြောပါတယ်။ ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန်အတွက် ပြောင်းလည်းကျင့်သုံးနေသော YBS ယာဉ်လိုင်းများအနေဖြင့် ယခုကဲ့သို့ ရိုင်းစိုင်းစွာဆဲဆိုခြင်း ၊ ထမီလှန်ပြခြင်းတို့ကို ပြုမှုသည့်အတွက် ယာဉ်လိုင်စင်ပိတ်သိမ်းခြင်း ၊ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်များကို ရာသက်ပန် ယာဉ်လိုက်ခွင့် ပိတ်သိမ်းခြင်းများဖြင့် အရေးယူဆောင်ရွက်မှာ ဖြစ်တယ်လို့သိရပါတယ်။ ထိုကဲ့သို့ ကိစ္စရပ်များ ထပ်မံမပေါ်ပေါ်က်စေရန် ကုမ္ပဏီ များကိုလည်း သတိပေးသွားမှာဖြစ်ရာ YBS ယာဉ်လိုင်းများကိုလည်း စည်ကမ်းမရှိသော ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author