YBS ယာဉ်လိုင်းအားလုံး Control Center မှတစ်ဆင့် စောင့်ကြည့်အရေးယူမည်

0

Full article


ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ YBS ယာဉ်လိုင်းအားလုံးကို control center မှ စောင့်ကြည့်၍ အရှိန်ပြင်းမောင်းနှင်သောကားများနှင့် ယာဉ်စည်းကမ်းဖောက်ဖျက်သော ယာဉ်များ အရေးယူမှူများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ မှ သိရပါသည်။ သြဂုတ်လ ၁ ရက်ကစပြီး YBS အမှတ် ၇ ယာဉ်လိုင်းကို Control center ကနေတစ်ဆင့် စောင့်ကြည့်နေရာ မကြာခင် ယာဉ်လိုင်းအားလုံးကို စောင့်ကြည့်အရေးယူမှူတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါသည်။ "စည်းကမ်းဖောက်ဖျက်တဲ့ကားတွေနဲ့ အရှိန်ပြင်း မောင်းတဲ့ကားတွေကို control center ကနေစောင့်ကြည့် သတိပေးအရေးယူနေတာ စလုပ်နေပါပြီ။ ကားတွေကို GPS စနစ်နဲ့ ချိတ်ဆက်ပြီး စောင့်ကြည့်တာတွေ အရေးယူတာတွေလုပ်မှာပါ "ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ ခရီးသည်တင်YBS ယာဉ်အသစ်များကို GPS စနစ်တပ်ဆင်ထားရာ သတ်မှတ်လမ်းကြောင်း မောင်းနှင်ခြင်းမရှိသော ကားများနဲ့ ကျော်တက်မောင်းနှင်သော ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်သည်။ ထိုသို့ စည်ကမ်းထောက်ဖျက်ပြီး မောင်းနှင်သော ကားတွေကို စည်းကမ်းချက် ၁၃၈ ချက်နဲ့ အရေးယူဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author