(ခ)လုပ်ငန်းလိုင်စင် မရှိသော YBS ကားများ ယခုလကုန်မှစ၍ ယာဉ်လိုင်းများတွင်ဝင်ရောက်ပြေးဆွဲခွင့်ရပ်မည်

0

Full article

ရန်ကုန်မြို့ ခရီးသည်ပို့ဆောင်ရေးတွင် ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင် ယာဉ်များကို လုပ်ငန်းလိုင်စင် မပြုလုပ်ထားပါက ယခုလကုန်မှစ၍ ယာဉ်လိုင်းများတွင်ဝင်ရောက်ပြေးဆွဲခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

" YBSယာဉ်လိုင်းကုမ္ပဏီတွေမှာ လုပ်ငန်းလိုင်စင် သက်တမ်းမတိုးရသေးတဲ့ကားတွေရှိတယ်။ လုပ်ငန်းလိုင်စင် မရှိတဲ့ကားတွေကို YBS ယာဉ်လိုင်း တွေမှာ မတ်လ ၃၁ ရက်ကစပြီး ပြေးဆွဲခွင့်မပြုတော့ပါဘူး။ ယာဉ်လိုင်းတွေကိုလည်း သတိပေးထားပြီးပါ" လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက သိရသည်။

YBS ခရီးသည်တင်ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲမည်ဆိုပါက YRTA တွင် ပြေးဆွဲခွင့် လျှောက်ထားရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ခရီးသည်တင် လုပ်ငန်းလိုင်စင် (ခ)လိုင်စင်တိုင်း ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းဦးစီးဌာနတွင် လုပ်ငန်းလိုင်စင် လျှောက်ထားရမှာ ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ခရီးသည်တင်ယာဉ်လိုင်းပေါင်း ၉ဝ ကျော်ရှိရာ လိုင်းခွဲအပါအဝင် ၁ဝ၉ လိုင်းရှိပြီး ကားအစီးရေ ၅,၄ဝဝ ကျော်ဖြင့် ပြေးဆွဲနေလျက်ရှိကြောင်း သိရသည်။

Regulation

Author