YBS ကိစ္စနဲ့ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ တောင်းပန်ကြောင်း ပြောကြား

0

Full article

![width=300](/redline/content/images/2017/07/bbb-1-300x140.jpg)

_ Photo Credit_

ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က YBS နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ခရီးသည်အများအပြား သေဆုံးခဲ့ခြင်းအတွက် တောင်းပန်သည်ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ပြောကြားခဲ့သည်။ တာဝန်ယူမှုတာဝန်ခံမှုနှင့်အတူ အစိုးရကတောင်းပန်တယ်။ လူ့အသက်ထက်အရေးကြီးတာဘာမှမရှိဘူးပါဘူး ကျွန်မတို့သိပါတယ်။ ဂရုဏာကြေးပေးတယ်ဆိုတာလည်း တန်ဖိုးတစ်ခုဖြတ်ခြင်းမဟုတ်ပါဘူး။ မိသားစုများနှင့်အတူထပ်တူကြေကွဲဝမ်းနည်းကြောင်း ပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း တရားဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုသွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဆက်လက်ကြိုးစားဆောင်ရွက် သွားပါ့မယ်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က YBS ယာဉ်တိုက်မှုတွင် သေဆုံးခဲ့သူများအား ဂရုဏာကြေးပေးအပ်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်းမပေါ်တွင် ဇူလိုင် ၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က YBS နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြပြီး ယာဉ်နှစ်စီးပေါ်မှ လိုက်ပါစီးနင်းလာသူ ၉ ဦးသေဆုံးကာ၊ ၃၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်မှာပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန်မြို့တွင်းဘက်သို့ မောင်းနှင်လာသည့် YBS အမှတ် ၅၅ ခရီး သည်တင်ယာဉ်နှင့် ရန်ကုန်မြို့တွင်းမှ မှော်ဘီဘက်သို့ မောင်းနှင်လာသည့် YBS အမှတ် ၃၇ ခရီးသည် တင်ယာဉ်တို့သည် ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းအဟောင်းရှေ့တွင် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ ယာဉ်တိုက်မှူဖြစ်ခဲ့သည့် YBS (၃၇) ယာဉ်လိုင်းသည် အာမခံ ထားရှိပြီး YBS (၅၅) ယာဉ်လိုင်းသည် အာမခံထားရှိခြင်း မရှိကြောင်း၊ သို့သော် YBS (၅၅) ယာဉ်ပေါ်မှ သေဆုံးခဲ့သူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ YRTA နှင့် အာမခံကုမ္ပဏီတို့ကလည်း ဂရုဏာ ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ခေတ်သစ်

Author