YBS ယာဉ် စီးခပေးချေသည့် ကဒ်စနစ် လာမယ့်နှစ် ဖေဖေါ်ဝါရီ လအတွင်း တပ်ဆင်မည်

0

Full article

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေသည့် ကဒ်စနစ် လာမယ့်နှစ် ဖေဖေါ်ဝါရီ လအတွင်း စတင်တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို်ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ ကသိရပါသည်။ "အခုလက်ရှိ ကုမ္ပဏီ ၅ ခုကတော့ တင်ပြထားတယ်။ အချိန်အားဖြင့် ၄ လလောက်အချိန်ကြာသွားမှာဖြစ်ပါတယ်။ လာမည့်နှစ် ဖေဖေါ်ဝါရီလလောက်မှာ ကဒ်စနစ်ကို စတင် ကျင့်သုံးတပ်ဆင်သွားမှာ ဖြစ်ပါတယ်။ "ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင် ကပြောပါတယ်။ YPS တင်ဒါခေါ်ယူခြင်း လုပ်ငန်းအဆင့်အား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိဘိနက်မှ အတည်ပြုရွေးချယ်သွားမည်ဖြစ်ရာ စီးပွားရေးဆိုင်ရာ သဘောတူစာချူပ်ချူပ်ဆိုခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသည်တင်ယာဉ်များအားလုံး ယာဉ်စီးခပေးချေမှူများကို cash box စနစ်အသုံးပြု ထားရှိရာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ YRTA နှင့် Yangon Payment Service (YPS)၏ ကဒ်စနစ်ဖြင့် ငွေပေးချေမှူ လုပ်ငန်း ဝန်ဆောင်မှူအတွက် (၁)cards Issuing (၂) cards Acquiring လုပ်ငန်းနှင့် (၃)Cards top up Agent လုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ကိုင်လိုသော မြန်မာနိုင်ငံသားများပိုင် ပြည်တွင်းကုမ္ပဏီများ( သို့) မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများ အား တင်ဒါများ တင်သွင်းနိုင် ရန် အတွက် သြဂုတ်လ ၉ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဂိတ်အမှတ် ၄ အနီးရှိ YPS ကောက်တာရုံးခန်းတွင် တင်ဒါအဆိုပြုလွှာ စတင်ရောင်းချပေးနေကြောင်း သိရသည်။ Yangon payment service တင်ဒါခေါ်ယူရာတွင် နည်းပညာဆိုင်ရာ အဆိုပြုလွှာနှင့် စီးပွားရေးဆိုင်ရာ အဆိုပြုလွှာများဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ (Instruction to Tenders )နှင့်အညီ တင်သွင်းရမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာ နောက်ဆုံးလက်ခံမည့်ရက်မှာ စက်တင်ဘာလ ၁၆ ရက် နောက်ဆုံးထားလက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author