YBS ယာဉ်အားလုံး cash box များ ယခုလကုန် အပြီး တပ်ဆင်ရမည်

0

Full article

![](/redline/content/images/2017/07/dddd-1-300x225.jpg)

_ Photo Credit_

ခရီးသည်တင်YBS ယာဉ်များအားလုံး cash box ငွေပုံးများ အပြီး တပ်ဆင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင် အဖွဲ့မှသိရပါတယ်။ ခရီးသည်တင်ယာဉ်လိုင်းများအားလုံး Cash box ငွေပုံးတပ်ဆင်ခြင်းကိုယခုလကုန် တပ်ဆင်၍ စပယ်ယာ များက ငွေကောက်ခံခြင်း မပြုရတော့ကြောင်း သိရပါတယ်။ ငွေပုံးတပ်တာကို ဒီလကုန်အပြီးတပ်ဖို့ပြောထားပါတယ်။ cash box တွေတပ်ပြီးရင် စပါယ်ယာ တွေက ငွေကာက်လို့မရတော့ပါဘူး။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်ကပြောသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများပေါ်တွင်ယာဉ်စီးခပေးတာကို အတိအကျ ပေးခြင်းဖြင့် ကူညီရန်လိုပြီး စပါယ်ယာ များကို ယာဉ်အကူသဘောမျိူးဖြင့် ခရီးသည်များအား ကူညီပေးရန် ထားရှိဦးမည်ဖြစ်တယ်လို့ သိရသည်။ YBS စနစ် လုပ်ဆောင်ခဲ့သည်မှာ ၆ လကျော်ခဲ့ပြီး ဖြစ်သော်လည်း ယာဉ်စီးကမ်းဖောက်ဖျက်မှူများနဲ့ ခရီးသည်များက အဆင်မပြေမှူများ ကြံတွေ့နေရပြီး ယခု ငွေပုံးများတပ်ဆင်ပါက ်ယာဉ်စီးခပေးရာတွင် ငွေအကြွေ မရှိသည့် ပြသနာ များဖြစ်ပေါ်နေသေးကြောင်း သိရပါသည်။ လက်ရှိတွင် ခရီးသည်တင်ယာဉ်လိုက်းပေါင်း ၃ဝ ကျော်သာ ငွေထည့်ပုံးကို တပ်ဆင်ထားရှိပြီး စည်ပင်သာယာ ပြင်ပနယ်နိမိတ်တွင် ပြေးဆွဲနေသောကားများမှာလည်း ယခင်အတိုင်း စပယ်ယာ များကသာ ငွေကောက်ခံမှူရှိသေးကြောင်း သိရသည်။

ခေတ်သစ်

Author