YBS စနစ်စတင်ချိန်မှ ဆယ်လအတွင်း စည်းကမ်းပျက်အမှုပေါင်း ၁၄,ဝဝဝ နီးပါးအရေးယူ

0

Full article

YBS စနစ်စတင်ခဲ့သည့် ဆယ်လတာနီးပါးကာလအတွင်း စည်းကမ်းဖောက်ဖျက်မှု ပတ်သက်သည့် အမှုပေါင်း ၁၄,ဝဝဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရပါသည်။

 YBS စတင်ခဲ့သော ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ စည်းကမ်းမဲ့မောင်းနှင်သည့် YBS ကားများကို အရေးယူခဲ့ရာတွင် မှတ်တိုင်မဟုတ်ဘဲ လူအတင်အချပြုလုပ်ခြင်းနှင့် လမ်းပြောင်းပြန်ကျော်တက်ခြင်း နှင့် သက်ဆိုင် သည့် အမှုများမှာ အများဆုံးဖြစ်သည်ဟု သိရပါသည်။

"စည်းကမ်းမဲ့ရပ်တာ၊ စည်းကမ်းမဲ့ လမ်းပြောင်းပြန်ကျော်တက်မောင်းနှင်တာတွေ မှတ်တိုင်မဟုတ်ဘဲ လူတင်၊ လူချပြု လုပ်တာတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ အမှုတွေပါ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ သက်ဆိုင်ရာ YBS က တာဝန်ရှိသူတွေရယ် ပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးခဲ့တာပါ။" လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိ တစ်ဦး က ပြောကြားပါသည်။

YBS ကားများအရေးယူရာတွင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကလည်း အရေးယူမှုများရှိနေပြီး ကုမ္ပဏီယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် YBS ကားများ စည်းကမ်းမဲ့မောင်းနှင်မှုများကို ထိန်းသမ်းရန် YRTA (ယာဉ်စည်းကမ်း)အဖွဲ့နှင့် ယာဉ်ထိန်း (ယာဉ်စည်းကမ်း)အဖွဲ့တို့ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

YBS စနစ် စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ ယာဉ်မတော်တဆမှု ၁၄၈ မှုရှိခဲ့ပြီး ၂၉ ဦးသေဆုံးကာ ၃၄၄ ဦးဒဏ် ရာရရှိခဲ့ကြောင်း သိရပါသည်။

Author