YBS ယာဉ်လိုင်း ၂ဝ ကျော် ဧပြီလမှစ၍ ည ၁ဝ နာရီအထိ အချိန်တိုးမြင့် ပြေးဆွဲပေးသွားမည်

0

Full article

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်း ၂ဝ ကျော် ဧပြီလမှစ၍ ည ၁ဝ နာရီအထိ အချိန်တိုးမြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ထိုကဲ့သို့ YBS ခရီးသည်တင်ယာဉ်များ အချိန်တိုးမြင့် ပြေးဆွဲပေးရန် အတွက် စာရင်းလာရာက်တင်ပြထားသော ယာဉ်းလိုင်း ၂၂ လိုင်းရှိရာ ညဘက်ရုံးပြန်ချိန် ခရီးသွားပြည်သူများ သွားလာရေးအဆင်ပြေနိုင်သည့် လူစီးကားရာ နေရာ များဖြစ်သော သမိုင်းလမ်းဆုံ၊ စံပြဈေး၊ သာကေတနေရာများအထိ ပြေးဆွဲပေးသွားရန် ရှိနေကြောင်း သိရသည်။

" ည ၁ဝ နာရီအထိ အချိန်တိုးပြီးပြေးဆွဲပေးဖို့ ယာဉ်လိုင်း ၂၂ လိုင်း စာရင်းပေးထားတယ်။ လူးစီးကားရာနေရာတွေကို အမြန်ဆုံး ပြေးဆွဲပေးဖို့ လုပ်မှာပါ။ အဓိကက ညဘက် ခရီးသည်တွေ စီးရတာ အဆင်မပြေတာရယ် ကြားကားတွေ နဲ့စီးနေရလို့ ည၁ဝ နာရီအထိ ပြေးဆွဲပေးဖို့ လုပ်တာပါ။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ ည ၁ဝ နာရီအထိ ပြေးဆွဲခြင်းကို မတ်လကုန်တွင် စတင်နိုင်ရန် ယာဉ် လိုင်းတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး သွားလာရခက်ခဲသော နေရာများကို အဓိကထားပြေးဆွဲပေးမှာ ဖြစ် ကြောင်းသိရသည်။

ရန်ကုန်မြို့လယ်တွင် ည ၉ နာရီ ဝန်းကျင်ခန့်တွင် ဘတ်စ်ကားမရှိတော့၍ သွားလာမှုအခက်အခဲရှိနေပြီး တရား မဝင်ကြားကားများကို စီးနင်းနေရကြောင်း YBS စီးနင်းသည့်ခရီးသည်များထံမှ သိရပါသည်။

Author