သင်္ကြန်ရက်အတွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် YBS ကားအစီး ၈ဝဝ ကျော်ပြေးဆွဲပေးမည်

0

Full article

သင်္ကြန်ရက်အတွင်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် YBS ကားအစီး ၈ဝဝကျော်ပြေးဆွဲပေးမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က သိရသည်။

ရန်ကုန်တွင် ယခုနှစ် မဟာသင်္ကြန်မှာ စည်ကားလာမည်ဖြစ်၍ နေရပ်သို့ပြန်မည့် ခရီးသည်များအဆင်ပြေစေရန် အဝေးပြေးယာဉ်အစီးရေ လုံလောက်စွာ စီစဉ်ထားရှိပေးမည်ဖြစ်ရာ မြို့တွင်း ခရီးသည်တင် YBS အစီး ၈ဝဝ ကျော် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ဒီနှစ် သင်္ကြန်က မနှစ်ကထက်ပိုပြီး စည်လာမှာဖြစ်လို့ မြို့တွင်းသွားလာတဲ့ ခရီးသည်တွေ အဆင်ပြေဖို့ YBS ကားအစီး ၈ဝဝ လောက်ပြေးဆွဲပေးသွားမှာပါ။ အဝေးပြေးယာဉ်လိုင်းတွေကိုလည်း ကားတွေပြေးဆွဲတာ လုံလောက် အောင် စီစဉ်တာတွေ လုပ်ပေးသွားမှာပါ။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် YBS ယာဉ်လိုင်း ၉ဝ ကျော်၊ _ ကားအစီးရေ ၅၄ဝဝ_ ခန့် နေ့စဉ် ပြေးဆွဲပေးနေလျှက်ရှိရာ သင်္ကြန်ရက်အတွင်း မြို့တွင်း YBS ယာဉ်အစီးရေ ၈ဝဝ ကျော်ပြေးဆွဲပေးမှာဖြစ်ပြီး အဝေးပြေးယာဉ်လိုင်းများတွင်လည်း ကားအစီးရေ မလောက်ပါက YBSကားများအစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Regulation

Author