ရန်ကုန်မြို့တွင် ပြေးဆွဲလျှက်ရှိသော YBS ယာဉ်များအားလုံး အောက်တိုဘာ ၁၅ ရက်နေ့မတိုင်ခင် GPS များ တပ်ဆင်ထားရမှာ ဖြစ်သည်ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် YBS ခရီးသည်တင်ယာဉ်သစ်များသာ GPS စနစ်တပ်ဆင်ထားမှုရှိနေပြီး အချိူ့ ယာဉ်များနှင့် မီနီဘတ်စ် ယာဉ်များတွင် GPS စနစ်တပ်ဆင်ထားခြင်း မရှိသေးကြောင်း သိရသည်။
"ကားတွေအားလုံး အောက်တိုဘာ ၁၅ ရက် မတိုင်ခင် GPS စနစ်တပ်ဆင်ဖို့ ပြောထားတယ်။ GPS စနစ်ကနေ အရှိန်ပြင်းပြင်း မောင်းတဲ့ကားတွေကို စောင့်ကြည့်သွားမယ်။"လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောကြားသည်။
ခရီးသည်တင် YBS ကားများတွင် GPS စနစ်ကို Be Smart ကုမ္ပဏီက တာဝန်ယူ တပ်ဆင်ပေးနေပြီး ကားသစ်များ လိုင်စင်မဝင်ခင် တစ်ပါးတည်း တပ်ဆင်ပေးထားသည်ဟု သိရပါသည်။
လက်ရှိမှာ YBS ခရီးသည်တင် ယာဉ်လိုင်း ၉၁ လိုင်းရှိပြီး ယာဉ်လိုင်း ကုမ္ပဏီ ၁၈ ခုနှင့် ကားအစီးရေ ၂၅ဝဝ ကျော်ရှိကြောင်း သိရသည်။
ခေတ်သစ်