ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများကို ခရီးစဉ်အကွာအဝေးဖြတ်ပိုင်းအလိုက် ယာဉ်စီးခ ၁ဝဝ ကျပ်သာ ကောက်ခံရမည်ဖြစ်တယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ မှသိရသည်။ အများပိုင်ယာဉ်လိုင်းတွေကို အဲယားကွန်းတပ်မယ်ဆိုရင် ၂ဝဝ ကျပ်သတ်မှတ်ပြီး အဲယားကွန်းမတပ်ထားတဲ့ကားဆိုရင် ခရီးအတိုမှတ်တိုင်လေးတွေကို ၁ဝဝ ကျပ် သတ်မှတ်လိုက်ပါပြီ။ ခရီးအစအဆုံးကိုတော့ ၂ဝဝ ကျပ်ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ ယာဉ်စီးခတွေကို ခရီးစဉ်အလိုက် ကြေငြာထားပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ YBS အများပိုင်ယာဉ်လိုင်းများကို ခရီစဉ်ကောက်ခံမှူနှန်းထားများမှာ ခရီးစဉ်အစအဆုံး ၃ ပိုင်းခွဲခြားထားပြီး ခရီးစဉ်တစ်ပိုင်းကို ၁ဝဝ ကျပ်သာ ကောက်ခံရန်သတ်မှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲယားကွန်းဖွင့်လှစ်မောင်းနေတဲ့ ကားများနဲ့ (BRT)ယာဉ်တွေကတော့ ယာဉ်စီးခ ၂ဝဝ ကျပ်သာပေးဆောင်ရမှာဖြစ်ပါတယ်။
ခေတ်သစ်
Photo Credit