
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မွေးမြူရေးမှတ်တိုင်အနီး ရန်ကုန် – ပြည်လမ်းပေါ်တွင် ယနေ့ (ဇူလိုင် ၇ ရက်) ၁ နာရီခွဲ ဝန်းကျင်က YBS ၃၇ နှင့် YBS ၅၅ ခရီးသည်တင် ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် ၇ ဦးသေဆုံးခဲ့ပြီး ၄ဝ ဦး ဒဏ်ရာရှိကြောင်း အကူအညီပေးနေသည့် ပရဟိတအဖွဲ့များထံကနေ သိရပါတယ်။
၇.၇.၂ဝ၁၇ ရက်နေ့၊ ၁၃:၄ဝ အချိန်ခန့်တွင် ရန်ကုန်-ပြည်လမ်းမကြီး၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းအဟောင်းအရှေ့တွင် YBS 37 နှင့် YBS 55ယာဉ်နှစ်စီး တိုက်မိမှူကြောင့် ထောက်ကြန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ လူနာတင်ယာဉ် ၁စီး၊ ပုလဲအရန်မီးသတ်စခန်းမှ လူနာတင်ယာဉ် ၃စီး ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ခေတ်သစ်