YBS ယာဉ်များအားလုံး ဇူလိုင် ၂ဝ ရက်ကစပြီး စပယ်ယာ မထားတော့ဘဲ ကားအားလုံး cash box များတပ်ဆင်ရမည်

0

Full article

![width=300](/redline/content/images/2017/07/gegeg-300x195.jpg)

_ Photo Credit_

YBS ယာဉ်များအားလုံး ဇူလိုင် ၂ဝ ရက်ကစပြီး စပယ်ယာ ယာဉ်အကူ မထားတော့ဘဲ ယာဉ်စီးခပေးချေရာတွင် ငွေထည့်ပုံး Cash Box များ ကားအားလုံး

တပ်ဆင်ရမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြောကြားထားသည်။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများတွင် ဇူလိုင် ၂ဝ ရက်မှ စတင်ကာ စပယ်ယာမှ ငွေကောက်ခံခြင်း မထားတော့ဘဲ ကိုယ်ရကိုယ်ယူစနစ်ဖျက်သိမ်း၍ ရှယ်ယာ စနစ် သို့ ဝေပုံကျခွဲယူသော စနစ်အား ယာဉ်လိုင်းများအားလုံး

ဆောင်ရွက်ရမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ ဇူလိုင် ၂ဝ ရက်ကစပြီး ကားတွေအားလုံးစပယ်ယာမထားတော့ဘူး။ ငွေထည့်တာကို Cash box စနစ်ပြောင်းရမယ်။ ကားတွေအားလုံး စစ်ဆေးသွားမယ်ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင် ပြောပါတယ်။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းအားလုံးကို ယာဉ်စီးခကောက်ခံရာတွင် ကိုယ်တိုင်ကိုယ်ကျ ငွေပေးချေသည့်စနစ် ကိုအသုံးပြုသွားမှာဖြစ်ပြီး စပယ်ရာများ မှ ငွေကောက်ခံခြင်းကို မထားရှိတော့ကြောင်း သိရသည်။

ခေတ်သစ်

Author