YBS ကဒ်စနစ် လုပ်ကိုင်ခွင့် Asia Starmar Transport intelligent ကုမ္ပဏီ တင်ဒါအောင်မြင်

0

Full article

ခရီးသည်တင် YBS ကားများတွင်ယာဉ်စီးခပေးချေရသည့် ကဒ်စနစ် လုပ်ကိုင်ခွင့်ကို Asia Starmar Transport intelligent ကုမ္ပဏီအား တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရသိရသည်။

" YBS ကားတွေမှာ အသုံးပြုမယ့် ကဒ်စနစ်ကို Asia Starmar Transport Intelligent ကုမ္ပဏီအား စည်မျဉ်းစည်းကမ်းနှင့် ကိုက်ညီလို့ တင်ရွေးချယ်လိုက်ပါတယ်။ စာချူပ်စာတမ်းတွေ ညှိနှိုင်းတာတွေလုပ်ပြီးရင် YBS ကားတွေမှ ာ ကဒ်စနစ်ကို အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆာင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်တင် YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့် Yangon Payment Services (YPS) ငွေပေးချေမှု ကဒ်စနစ်တင်ဒါခေါ်ယူခဲ့ရာတွင် Excel KC Myanmar ကုမ္ပဏီအား ပမာဏာရွေးချယ်ထားရှိရာ ထို Excel KC Myanmar ကုမ္ပဏီက စုဖွဲထားသည့် ငွေကြေးနှင့်နည်းပညာထောင်ပံသော Acer လုပ်ငန်းအဖွဲ့မှနုတ်ထွက်သောကြောင့် တင်ဒါဖျက်သိမ်းရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ဧပြီ ၂၁ ရက် တွင် သတင်းထုတ်ပြန်ထားရှိခဲ့သည်။

ထို့နောက်တွင် တင်ဒါရွေးချယ်ရန် ကျန်ရှိနေသေ ာ စကာတင်ကုမ္ပဏီ ၂ ခုဖြစ်သော Anypay payment services ကုမ္ပဏီ နှင့် Asia Starmar Transport Intelligent ကုမ္ပဏီတို့နှင့် တွေ့ဆုံဆွေးနွေပြီး ညှိနှိုင်းချက်ရလဒ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မေလ ၁၇ ရက်တွင်းကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး အမှတ် (၂ဝ/၂ဝ၁၈) ဆုံးဖြတ်ချက် အပိုဒ် ၇၉ အရ Asia Starmar Transport intelligent ကုမ္ပဏီ အား YPS ကဒ်စနစ်တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်လိုက်ကြောင်း သတင်းထုတ်ပြန် ထားရှိသည်။

Tender

Author