YBS ကားများနျှင့် အခြားစီမံကိန်းများတွင် မသန်စွမ်းသူများအတွက် အဆင်ပြေမည့် အစီအစဉ်များ ထည့်သွင်းလုပ် ဆောင်မည်

0

Full article

![width=300](/redline/content/images/2017/05/efefe-300x200.jpg)

ခရီးသည်တင်ယာဉ်များနှင့် အခြားစီမံကိန်းများတွင် မသန်စွမ်းသူများအတွက် အဆင်ပြေမည့် အစီအစဉ်များကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မေလ ၁၇ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။ ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော YBS ယာဉ်လိုင်းများတွင် မသန်စွမ်းသူများအဆင်ပြေလွယ်ကူစွာစီးနင်းနိုင်မည့် အစီစဉ်များ ဘတ်စကားမှတ်တိုင်များ အဆင့်မြင့်တင်ခြင်း လုပ်ဆောင်ရာတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပေးခြင်းရှိမရှိ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါ်နီလာကျော်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ " အခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာ လမ်းများ ပလက်ဖာင်းများကို အဆင့်မြှင့်တင်ဆောင်ရွက် သွားမှာဖြစ်ပါတယ် ။ ထို့သို့ဆောင်ရွက်တဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးပြောကြားသွားတဲ့ မျက်မမြင်များအတွက် လျှောက်လမ်းတွေ နဲ့ မသန်းစွမ်းတွေအားလုံးအတွက် အဆင်ပြေမည့် စည်ပင်သာယာဘတ်ဂျက်နဲ့အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဝိုင်ဘီအက်စ် တွင်တင်သာမကပဲ ကျွန်မတို့ အခုနောက်ပိုင်း အသစ်ဆောက်လုပ်မည့် အိမ်ယာစီမံကိန်းများ အများပြည်သူဆိုင်ရာ အဆောက်အဦများ ပလက်ဖောင်များ အားလုံးတွင် မသန်စွမ်းသူများအတွက် ဒီဇိုင်းတွေကိုစီစဉ်ဆောင်ရွက်ခိုင်းထားပါတယ်။ စီစဉ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် မို့လို ဒီဇိုင်းတွေ ပြုလုပ်တဲ့ အခါတိုင်းမှာ အဆောက်ဦးဒီဇိုင်းဖြစ်စေ၊ လမ်းဒီဇိုင်း၊ ပလက်ဖောင်းဒီဇိုင်း၊ ဘတ်စကားမှတ်တိုင်အားလုံးမှာ မသန်စွမ်းသူတွေအတွက် ထည့်သွင်းဆောင်ရွက် သွားမှာပါ။ " လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။ အခြားစီမံကိန်းများဖြစ်တဲ့ လမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှူများ ကားမှတ်တိုင်များပြင်ဆင်မှူများ လမ်းဘေးပလက်ဖောင်းပြင်ဆင်မှူများနှင့် အများပြည်သူသွားလာမှုနေရာများကိုလည်း ပြင်ဆင်ခြင်းများ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရသည်။

ခေတ်သစ်

Photo Credit

Author