ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ကားများအားလုံးတွင် ပြစ်မှုကျူးလွန်ထားမှုများနှင့် ယာဉ်၏ သက်ဆိုင်သည့် အချက်အလက်များကို mobile application မှတဆင့် အလွယ်တကူ ကြည့်ရှုစစ်ဆေးနိုင်သည့် နည်းပညာမြင့် စတစ်ကာများတပ်ဆင်ကာ အရေးယူသွားမည်ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။
"YBS ကားတွေအားလုံးမှာ နည်းပညာမြင့်တဲ့ စတေကာတွေ တပ်ဆင်သွားမယ်။ YBS ကားတွေကို စစ်ဆေးတဲ့အဖွဲ့တွေက mobile application ကနေ စစ်ဆေးရင် ကားနဲ့ ပက်သက်တဲ့အချက်တွေ ပြစ်ဒဏ်ကျုးလွန်တဲ့အချက်တွေပါ တွေ့ရမှာပါ။ စစ်ဆေးလို့ တွေ့တဲ့ကားကို ဒဏ်ကြးကောက် ပစ်ဒဏ်ချမှတ်သွားမယ်။"လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စည်းကမ်းဖောက်ဖျက်သော YBS ယာဉ်များကို အရေးယူရန် စစ်ဆေးသည့် အဖွဲ့ပေါင်း ၂ဝ ဖွဲ့စည်းထားရှိပြီး ထိုအဖွဲ့များ က application အသုံးပြုစစ်ဆေးမှုများအပြင် complain center ကတိုင်ကြားမှုများကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။
YBS ကားများအရေးယူရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း အရေးယူမှုများရှိနေပြီး ကုမ္ပဏီယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
R-01