YBS ၈၂ ယာဉ်လိုင်း လှိုင်သာယာမှ သာကေတအဝိုင်းထိ ယခုလကုန်တွင် ယာဉ်အစီးရေ ၃ဝ ဖြင့် လမ်းကြောင်ပြောင်း ပြေးဆွဲပေးမည်

0

Full article

ရန်ကုန်တိုင်း ခရီးသည်တင်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းတစ်ခုဖြစ်သည့် YBS ၈၂ ယာဉ်လိုင်းကို လှိုင်သာယာမြိုနယ်မှ ဆူးလေအထိ ပြေးဆွဲပေးနေရာမှ လှိုင်သာယာမြို့နယ်မှ သာကေတ အထိ ယခုလကုန်တွင်လမ်းကြောင်းပြောင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Omni Focus ယာဉ်လိုင်းကုမ္ပဏီက သိရပါသည်။

OMNI Focus ကုမ္ပဏီက လှိုင်သာယာမြို့နယ်ဗဟိုပြု ပြေးဆွဲပေးနေလျှက်ရှိသော YBS အမှတ် ၈၂ ယာဉ်လိုင်းမှာ လှိုင်သာယာ-အင်းစိန်-ပြည်လမ်း-သခင်မြပန်းခြံ ခရီးစဉ်တို့ကို ပြေးဆွဲပေးနေလျှက်ရှိရာ ခရီးသွားပြည်သူများမှ တောင်းဆိုမှုများကြောင့် မထသ လက်ထက်တွင် ပြေးဆွဲပေးခဲ့သော ၁၂၄ ယာဉ်လိုင်း အတိုင်း လှိုင်သာမြို့နယ်မှ သာကေတမြို့နယ် အဝိုင်းဂတ်စ်ဆိုင်အထိ ယာဉ်အစီးရေ ၃ဝ ဖြင့်လမ်းကြောင်းပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" လှိုင်သာယာကနေ ဆူးလေအထိပြေးဆွဲပေးနေတဲ့ YBS ၈၂ ယာဉ်လိုင်းကို သာကေတ ဂတ်ဆိုင်အထိ ဒီလထဲမှာပဲ လမ်းကြောင်းပြောင်း ပြေးဆွဲပေးသွားပါမယ်။ YRTA ကလည်း ပြေးဆွဲ့ခွင့်ကျပါပြီ။ ခရီးစဉ်ရပ်နားတဲ့ပုံစံကအတူတူပဲ အခုက သကေတအထိ လမ်းကြောင်းပဲပြောင်းသွားမှာပါ" ဟု YBS ယာဉ်လိုင်းပြေးဆွဲတဲ့ OMNI Focus ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

Omni Focus ကုမ္ပဏီအနေနှင့် YBS ၂ဝ၊ ၂၇၊ ၅၆၊ ၈၂၊ ၈၅ ယာဉ်လိုင်း နှင့် လေဆိပ် airport shuttle ယာဉ်လိုင်းတို့သည် ယာဉ်အစီး ၄ဝဝကျော်ဖြင့် ခရီးသည် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

Public Transportation

Author