YBS ၅၅ ယာဉ်လိုင်းဖျက်သိမ်းပြီး အစားထိုးယာဉ်လိုင်း ပြေးဆွဲမည်

0

Full article

![](/redline/content/images/2017/07/ffff-300x225.jpg)

_ Photo Credit_

ဇူလိုင် ၇ ရက်နေ့တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု ကြောင့် ခရီးသည်အများသေဆုံးများသေဆုံးခဲ့သည့်YBS ၅၅ အပြာ ယာဉ်လိုင်းအားဖျက်သိမ်း ပြီးအစားထိုးယာဉ်လိုင်း ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်ကသိရပါတယ်။ YBS ၅၅ အပြာ ယာဉ်လိုင်းကို ဖျက်သိမ်းသွားမယ်။ အဲ့ဒီယာဉ်လိုင်းနေရာမှာ အစားထိုးလိုင်းတစ်ခုပြေးဆွဲသွားမယ်။ ထောက်ကြန့်အထိကိုဘဲ ပြေးဆွဲခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ကြီး၊ မှော်ဘီ၊ ထောက်ကြန့်၊ ဆူးလေကို ပြေးဆွဲနေတဲ့YBS အမှတ် ၅၅ ယာဉ်လိုင်းသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်တွင်

ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ရန်ကုန်မြို့တွင်းဘက်သို့ မောင်းနှင်လာသည့် ဝိုင်ဘီအက်စ် အမှတ် ၅၅ ခရီး သည်တင်ယာဉ်နှင့် ရန်ကုန်မြို့တွင်းမှ မှော်ဘီဘက်သို့ မောင်းနှင်လာသည့် ဝိုင်ဘီအက်စ်အမှတ် ၃၇ ခရီးသည် တင်ယာဉ်တို့သည် ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းအဟောင်းရှေ့တွင် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့တိုက်မိခဲ့ခြင်းကြောင့် ယာဉ်နှစ်စီးပေါ်တွင် လိုက်ပါလာစီးနင်းလာသူ ၉ ဦးသေဆုံးပြီး လူ ၃ဝ ကျော်ဒဏ် ရာရရှိ ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေသိရသည်။

ထိုကဲ့သို့ ယာဉ်တိုက်မှူကြောင့် သေဆုံးသွားခဲ့သည့် သူများနှင့် ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာအဖွဲ့များနဲ့ လွတ်တော်ကိုယ်စားလှယ်များ သွားရောက်အားပေးပြီး လှူဒန်းငွေများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ခေတ်သစ်

Author