YBS အမှတ် ၃၈ ယာဉ်၏ Gas ပိုက်ပြုတ်၍ မီးလောင်ကျွမ်းခဲ့

0

Full article

![](/redline/content/images/2017/06/ybs-165x300.jpg)

တောင်ဥက္ကလာပမြို့နယ် (၇)ရပ်ကွက်၊သစ္စာလမ်းမပေါ်တွင် YBS အမှတ်(၃၈)ယာဉ်တစ်စီး Gas ပိုက်ပြုတ်၍ မီးလာင်မှူ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အစိုးရစက်သုံးဆီအရောင်းဆိုင် ဘေးအနီးတွင် အရှေ့မှ အနောက်သို့ တောင်ဥက္ကလာပစေတီးမှရန်ကင်းဘက်သို့ မောင်းနှင်လာ သော YBS အမှတ်(၃၈) 2C/........ယာဉ်တစ်စီးသည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မီးလောင်းကျွမ်း ခဲ့ ခြင်ဖြစ်သည်။ ယင်းကဲ့သို့ ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ယာဉ်အောက်သို့ ဆင်းပြေးခဲ့ကြပြီး သက်ဆိုင်ရာတောင်ဥက္ကလာပမီးသတ်စခန်းမှာ မီးသတ်ယာဉ်တစ်စီး၊ရေသယ်ယာဉ်နှစ်စီးဖြင့် မီးသတ် ခဲ့ရာ ၉ နာရီ ၂၂ မိနစ်တွင် မီးငြိမ်သွာကြောင်းသိရသည်။ကားမီးလောင်းမှုနှင့်ပတ်သက်၍ သက်ဆိုင် ရာစစ်ဆေးရာ ၄င်းကား၏ အင်ဂျင်နှင့်ဆက်သွယ်ထားသော ဂက်(စ်)ပိုက်ပြုတ်ပြီး အင်ဂျင်အားရိုက် ကာ မီးပွင့်သဖြင့် မီးလောင်းကျွမ်းရခြင်းဖြစ်ကြောင်းသိရသည်။ ယာဉ်ပေါ်လိုက်ပါသူ ခရီးသည် ၃ ဦ်း ပွန်းပဲဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မီးလောင်မှုကြောင့် ကာတာယာ၊ကားအ တွင်း ထိုင်ခုံများ၊ကားအင်ဂျင်ခန်းရှိ ဝါယာမျာ မီးလောင်ပျက်စီးခဲ့ကာ မီးလောင်မှုဖြစ်ပွါးအောင် ယာဉ်ကိုပေါ့ဆ စွာမောင်းနှင်သူ ယာဉ်မောင်းကိုနန်းဝင်း ကို တောင်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၆၃၆/၂ဝ၁၇၊ရာဇသက် ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်းသိရသည်။

ခေတ်သစ်

Author