လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း YBS ၃၂ ယာဉ်လိုင်းသစ်ကို ရေကြောင်းတက္ကသိုလ် မှ ထောက်ကြန့် ခရီးစဉ်အထိ ဇွန် ၂၆ တွင်စတင်ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းYBS အမှတ် ၃၂ ယာဉ်လိုင်းသစ် ကို ရေကြောင်းတက္ကသိုလ် မှ ထောက်ကြန့် ထိ ခရီးစဉ်ကို ဇွန် ၂၆ မှစတင်၍်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၂၆ ရက်တွင် စတင်ပြေးဆွဲပေးမည့် ခရီးသည်တင် YBS အမှတ် ၃၂ ယာဉ်လိုင်းသစ်တွင် ပြေးဆွဲပေးသွားမည့် ခရီးစဉ်မှတ်တိုင်များမှာ ရေကြောင်းတက္ကသိုလ်၊ မြို့မဈေး၊ သာကေတအဝိုင်း၊ ကျောက်တိုင်၊ သုဝဏ္ဏလမ်းဆုံ၊ ဇဝနလမ်းဆုံ၊ နန္ဒဝန်ဈေး၊ ပင်းယ၊ ၄၃၆၊ မြောက်ဥက္ကလာအဝိုင်း၊ (၆) ကွေ့၊ အောင်မင်္ဂလာအဝေးပြေး၊ ပုလဲမြို့သစ်နှင့် နွယ်ခွေမှတ်တိုင်များဖြစ်ကြောင်းသိရသည်။

ထောက်ကြန့်သို့ ရေကြောင်းတက္ကသိုလ်ဘက်မှ (၂၅) စီးနှင့် ထောက်ကြန့်ဘက်မှ (၂၅) စီး ကို နှစ်ဖက်လွှတ်ပုံစံဖြင့် အသီးသီးစေလွှတ်မည်ဖြစ်ပြီး ယာဉ်စီးခမှာ ရေကြောင်းတက္ကသိုလ် မှ ပင်းယ ၂ဝဝ ကျပ်၊ ပင်းယ မှ ထောက်ကြန့် ၂ဝဝ ကျပ်နှင့် ခရီးစဉ် အစ မှ အဆုံး ၃ဝဝ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

" ဇွန် ၂၆ ရက်က ရေကြောင်းတက္ကသိုလ်နဲ့ထောက်ကြန့်ကို YBS ၃၂ လိုင်းစပြီးပြေးဆွဲပေးမယ်။ YRTA ကလည်းပြေးဆွဲဖို့ ခွင့်ပြုပြီးသွားပြီ။ ယာဉ်လိုင်း စပြီးပြေးဆွဲတဲ့နေ့မှာ အခမဲ့ပြေးဆွဲပေးမှာပါ။ နောက်ထပ်ယာဉ်လိုင်းတွေလည်း ထပ်တိုးဖို့ရှိပါတယ်။"ဟု လူထုမိတ်ဆွေယာဉ်လိုင်း ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူထုမိတ်ဆွေအမည်ဖြင့် Max Myanmar ကုမ္ပဏီ မှ YBS ကားအစီး ၅ဝဝဖြင့် ယာဉ်လိုင်း ၉ လိုင်းတွင် ဝင်ရောက်ပြေးဆွဲရန် အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ ထံတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ လူထုမိတ်ဆွေ အမည်ဖြင့် ယာဉ်လိုင်း ၄ လိုင်း ကိုခွင့်ပြုထားပြီး ယာဉ်အစီး ရေ၁၅ဝ ခန့်ပြေးဆွဲနေလျှက်ရှိကြောင်းသိရသည်။

Public Transportaion

Author