ရန်ကုန်လိုင်စင် YVQC လက်မှတ် စနစ်ရောင်းချရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြပြီး YRTA က ကိုင်တွယ်မည်

0

Full article

ရန်ကုန်လိုင်စင်အတွက် Yangon Vehicle Quota Certificate (YVQC) စနစ် လုပ်ဆောင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြထားကာ YRTA က ကိုင်တွယ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်လိုင်စင်ခွဲတန်းလက်မှတ် စနစ်ကို တာဝန်ယူလုပ်ဆောင်နေသူတစ်ဦးထံကနေ သိရသည်။

ရန်ကုန်လိုင်စင် YVQC ခွဲတန်းလက်မှတ်စနစ်ရောင်းချရာတွင် ငွေကြေးများစွာ ပါဝင်နေသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ထံတင်ပြရမှာဖြစ်ပြီး ကြီးကော်တွင် ကားနှင့်ပတ်သက်သောဌာနများအားလုံးပါဝင်သော ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်လိုင်စင်စနစ်ပေးဖို့ အမြန်ဆုံးလုပ်ဆောင်နေပါတယ်။ လက်မှတ်ရောင်းတဲ့စနစ်က ငွေကြေးတွေ အများကြီးပါ ဝင်နေလို့ ပြည်ထောင်စု အစိုးရအဖွဲ့ ကို တင်ပြရမယ်။ လက်မှတ်ရောင်းတာကို အာဏာပိုင်အဖွဲ့ YRTA ကကိုင်တွယ်လုပ်ဆောင်မှာပါ။"ဟု ရန်ကုန်လိုင်စင် ခွဲတမ်းလက်မှတ်စနစ်လုပ်ဆောင်ရာတွင် တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ရန်ကုန်လိုင်စင် (YVQC) Yangon Vehicle Quota Certificate စနစ် ခွဲတန်းလက်မှတ်များ ရောင်းပေးရာတွင် ယာဉ်များ၏ အင်ဂျင်ပါဝါ အလိုက် ၁၆ဝဝစီစီ အထိကားများကို ကျပ်သိန်း ၃ဝ ၊ အင်ဂျင်ပါဝါ ၁၆ဝဝ စီစီမှ ၃ဝဝဝ စီစီ အထိကားများကို ကျပ်သိန်း ၆ဝ ၊ ၃ဝဝ၁ စီစီ နှင့် အထက်ကားများကို ကျပ်သိန်း ၉ဝ အထိ ဈေးနှုန်းသတ်မှတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Author