ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ် ရောင်းချရန် ရန်ကုန်တိုင်းအတွင်း အသုံးပြုမည့် ငွေကြေးကောက်ခံမှုကိစ္စပါဝင်နေ၍ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရှေ့နေချုပ်ရုံးထံ ထပ်မံတင်ပြထား

0

Full article

ရန်ကုန်လိုင်စင် YVQC (Yangon Vehicle Quota Certificate) လက်မှတ်စနစ် ကြီး/ကော်မှ သဘောတူသော်လည်း ရန်ကုန်လိုင်စင် လက်မှတ်ရောင်းချပေးရာတွင် တိုင်းဒေသကြီးတွင်အသုံးပြုမည့် ငွေကြေးကောက်ခံမှုများ ပါဝင်နေ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှေ့နေချုပ်ရုံးထံသို့ ထပ်မံတင်ပြထားရှိသည်ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီထံမှသိရသည်။

"ရန်ကုန်လိုင်စင်ကို ကြီး/ကော်က မူအားနဲ့တော့သဘောတူပါတယ်။ ဒါပေမယ့်ငွေကြေးအပိုင်းတွေကျတော့ ကြီး/ကော်က သဘောတူလို့မရတဲ့အတွက် ရှေ့နေချုပ်ရုံးကို ထပ်တင်ကြထားတယ်။ ရန်ကုန်လိုင်စင်ကို ရောင်းချရင် ငွေကြေးဘယ်လိုသုံးစွဲမယ်၊ ဘယ်လိုခွဲတမ်းနဲ့ချပေးမယ် ဆိုတာတွေကို တင်ပြပြီး ပြန်ဆွေးနွေးရမယ်။" ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မော်တော်ယာဉ် အသစ်များကို သုံးစွဲနိုင်စေရန် ရန်ကုန်နံပါတ် ကားလိုင်စင်များကိုလည်း ကိုယ်ပိုင်စနစ်ဖြင့် ထုတ်ပေးနိုင်ရန် အစိုးရအဖွဲ့မှ မူဝါဒများချမှတ်၍ ပြင်ဆင်နေလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ပြောကြားထားရှိခဲ့သည်။

Author

Comments