ရန်ကုန်လိုင်စင် YVQC လတ်မှတ်စနစ် ကြီး/ကော် သဘောတူသော်လည်း ငွေကြေးကောက်ခံမှုများ ပါဝင်နေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ ပြန်လည်တင်ပြရမည်

0

Full article

.


.unicode

Zawgyi

ရန်ကုန်လိုင်စင် YVQC လတ်မှတ်စနစ် ကြီး/ကော် က သဘောတူသော်လည်း ရန်ကုန်လိုင်စင်လတ်မှတ်ရောင်းချပေးရာတွင် ငွေကြေးကောက်ခံမှုများပါဝင်နေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံပြန်လည်တင်ပြရမည် ဖြစ်သည်ဟု မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှုကော်မတီ ထံမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလုပ်ဆောင်သွားမည့် ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) စနစ်အတွက် မော်တော်ယာဉ်မူဝါဒအရ သဘောတူထားသော်လည်းရောင်းချပေးမည့်ပုံစံများနှင့် ခွဲတမ်းချပေးမည့်ပုံစံများ နှုန်းထားသတ်မှတ်၍ ငွေကြေးပေးသွင်းရမှုများကို ပြည်ထောင်စုအစိုးရအဖွဲထံတင်ပြရမှုများ ပြုလုပ်သွားရမည်ဖြစ်သည်။"ရန်ကုန်လိုင်စင်ကို ကြီး/ကော် က မူအားနဲ့ တော့ သဘောတူပါတယ်။ ဒါပေမယ့်ငွေကြေးအပိုင်းတွေကျတော့ ကြီး/ကော် က သဘောတူလို့မရတဲ့အတွက် ပြည်ထောင်စုအစိုးရကို ပြန်တင်ပြရမယ်။ရန်ကုန်လိုင်စင်ကိုဘယ်လိုခွဲတမ်းနဲ့ချပေးမယ် ဆိုတာတွေကို cabinet တင်ပြပြီး ပြန်ဆွေးနွေးရမယ်။" ဟုမော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးကပြောသည်။ မော်တော်ယာဉ်တင်သွင်းမှုကိစ္စရပ်များနှင့် ပတ်သက်၍ ရန်ကုန်လိုင်စင်ထုတ်ပေးရန်ရှိပြီး ညှိနှိုင်းဆောင်ရွက်မှုများလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၆ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယသမ္မတ (၁) နှင့်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ တွင်ပြောကြားထားခဲ့သည်။"ကားတင်သွင်းမှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်လိုင်စင်ထုတ်ပေးနိုင်ဖို့ ရှိပါတယ်။ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲတွေ ဆောင်ရွက်နေပါတယ်" ဟုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့သည်။

Author